မဿဲ 13:34-43 Common Language Bible (BCL)

34. သ​ခင်​ယေ​ရှု​သည်​လူ​ပ​ရိ​သတ်​တို့​အား​ဤ အ​ကြောင်း​အ​ရာ​များ​ကို​ပုံ​ဥ​ပ​မာ​ဆောင်​၍ ဟော​ကြား​တော်​မူ​၏။ ပုံ​ဥ​ပ​မာ​မ​ဆောင်​ဘဲ အ​ဘယ်​အ​ကြောင်း​အ​ရာ​ကို​မျှ​ဟော​ကြား တော်​မ​မူ။-

35. ဤ​သို့​ဟော​ကြား​ရ​ခြင်း​မှာ၊``ငါ​သည်​ပုံ​ဥ​ပ​မာ​ဆောင်​၍​မိ​မိ​၏​နှုတ်​ကို ဖွင့်​ဟ​မြွက်​ဆို​မည်။လော​က​ကို​ထာ​ဝ​ရ​ဘု​ရား​ဖန်​ဆင်း​တော်​မူ​ချိန်​မှ​စ​၍ကွယ်​ဝှက်​နေ​ခဲ့​သည့်​အ​ရာ​များ​ကို ငါ​ထုတ်​ဖော်​ပြော​ဆို​မည်''ဟူ​သော​ပ​ရော​ဖက်​၏​ဟော​ချက်​မှန်​ကန်​လာ​စေ​ရန် ပင်​ဖြစ်​၏။

36. ထို​နောက်​သ​ခင်​ယေ​ရှု​သည်​လူ​ပ​ရိ​သတ်​များ​ထံ မှ​ထွက်​ခွာ​၍​အိမ်​ထဲ​သို့​ဝင်​တော်​မူ​၏။ ထို​အ​ခါ တ​ပည့်​တော်​တို့​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ၍ ``ဂျုံ​ရိုင်း​ပင်​များ​၏​ပုံ​ဥ​ပ​မာ​ကို​အ​ကျွန်ုပ် တို့​အား​ရှင်း​ပြ​တော်​မူ​ပါ'' ဟု​လျှောက်​ထား ကြ​၏။

37. ကိုယ်​တော်​က ``မျိုး​ကောင်း​မျိုး​သန့်​ကို​ကြဲ​သူ​သည် လူ​သား​ပင်​ဖြစ်​၏။-

38. ဂျုံ​ခင်း​ကား​ဤ​ကမ္ဘာ​လော​က​တည်း။ မျိုး​ကောင်း မျိုး​သန့်​သည်​နိုင်​ငံ​တော်​သား​များ​ကို​ဆို​လို​၏။ ဂျုံ​ရိုင်း​စေ့​များ​ကား​စာ​တန်​မာရ်​နတ်​၏​နိုင်​ငံ သား​များ​ကို​ဆို​လို​၏။-

39. ထို​မျိုး​စေ့​များ​ကို​ကြဲ​သူ​သည်​စာ​တန်​မာရ်​နတ် ပင်​ဖြစ်​၏။ ကောက်​ရိတ်​ချိန်​ကား​ကပ်​ကမ္ဘာ​ကုန်​ဆုံး ချိန်​တည်း။ ကောက်​ရိတ်​သ​မား​များ​သည်​ကောင်း​ကင် တ​မန်​များ​ဖြစ်​၏။-

40. ဂျုံ​ရိုင်း​ပင်​များ​ကို​စု​သိမ်း​ပြီး​မီး​ရှို့​ပစ်​လိုက် သ​ကဲ့​သို့ ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​၌​စာ​တန်​မာရ် နတ်​၏​နိုင်​ငံ​သား​တို့​သည်​မီး​ရှို့​ဖျက်​ဆီး​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။-

41. လူ​သား​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန်​များ​ကို​စေ လွှတ်​တော်​မူ​၍ လူ​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ သူ​များ​နှင့်​အ​ပြစ်​ကူး​သူ​အ​ပေါင်း​ကို​နိုင်​ငံ တော်​ထဲ​က​ရွေး​ထုတ်​စေ​ပြီး​လျှင်၊-

42. တောက်​လောင်​သော​မီး​ဖို​ထဲ​သို့​ပစ်​ချ​စေ​တော်​မူ မည်။ ထို​သူ​အ​ပေါင်း​တို့​သည်​ငို​ကြွေး​မြည်​တမ်း ၍​အံ​သွား​ခဲ​ကြိတ်​ကြ​လိမ့်​မည်။-

43. ထို​အ​ခါ​သူ​တော်​ကောင်း​တို့​သည်​အ​ဖ​ဘု​ရား​၏ နိုင်​ငံ​တော်​တွင်​နေ​ကဲ့​သို့​ထွန်း​လင်း​တောက်​ပ​လျက် နေ​ကြ​လတ္တံ့။ ကြား​တတ်​သော​နား​ရှိ​သူ​ကြား​ကြ ကုန်​လော့။

မဿဲ 13