မဿဲ 13:30-34 Common Language Bible (BCL)

30. ကောက်​ရိတ်​ချိန်​တိုင်​အောင်​အ​ပင်​နှစ်​မျိုး​လုံး​ဆက် လက်​ကြီး​ပွား​စေ​ကြ​လော့။ ကောက်​ရိတ်​ချိန်​ရောက် သော်​ကောက်​ရိတ်​သ​မား​တို့​အား​ဦး​စွာ​ဂျုံ​ရိုင်း များ​ကို​နုတ်​၍​စည်း​ထား​ပြီး​လျှင်​မီး​ရှို့​ပစ်​ကြ။ ထို​နောက်​ဂျုံ​စ​ပါး​ကို​စု​သိမ်း​၍​ငါ​၏​ကျီ​၌ သွင်း​ထား​ကြ​ဟု​ငါ​မှာ​ကြား​မည်' ဟု​ဆို​၏'' ဟူ ၍​မိန့်​တော်​မူ​သည်။

31. သ​ခင်​ယေ​ရှု​သည်​အ​ခြား​ပုံ​ဥ​ပ​မာ​ကို​ဆောင်​၍ မိန့်​တော်​မူ​ပြန်​၏။ ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ တော်​သည်​ဤ​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ လူ​တစ် ယောက်​သည်​မုန်​ညင်း​စေ့​ကို​ယူ​၍​မိ​မိ​ဥ​ယျာဉ် တွင်​စိုက်​၏။-

32. ထို​အ​စေ့​သည်​အ​စေ့​တ​ကာ​တို့​ထက်​သေး​ငယ် ၏။ သို့​ရာ​တွင်​အ​ပင်​ပေါက်​၍​ကြီး​ထွား​လာ​သော အ​ခါ အ​ခြား​အ​ပင်​ငယ်​များ​ထက်​ကြီး​မား​သည့် အ​ပင်​တစ်​ပင်​ဖြစ်​လာ​၏။ သို့​ဖြစ်​၍​ငှက်​များ​သည် ထို​အ​ပင်​၏​အ​ကိုင်း​များ​တွင်​အ​သိုက်​ပြု​လုပ် နိုင်​ကြ​၏'' ဟု​မိန့်​တော်​မူ​သည်။

33. ကိုယ်​တော်​သည်​အ​ခြား​ပုံ​ဥ​ပ​မာ​ကို​ဆောင်​၍ မိန့်​တော်​မူ​ပြန်​၏။ ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ တော်​သည်​ဤ​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ အ​မျိုး သ​မီး​တစ်​ယောက်​သည်​တ​ဆေး​ကို​ယူ​ပြီး​လျှင် မုန့်​ညက်​တစ်​တင်း​တွင်​ထည့်​သ​ဖြင့်​မုန့်​ညက်​အား လုံး​ကို​ဖောင်း​ကြွ​စေ​၏'' ဟု​မိန့်​တော်​မူ​သည်။

34. သ​ခင်​ယေ​ရှု​သည်​လူ​ပ​ရိ​သတ်​တို့​အား​ဤ အ​ကြောင်း​အ​ရာ​များ​ကို​ပုံ​ဥ​ပ​မာ​ဆောင်​၍ ဟော​ကြား​တော်​မူ​၏။ ပုံ​ဥ​ပ​မာ​မ​ဆောင်​ဘဲ အ​ဘယ်​အ​ကြောင်း​အ​ရာ​ကို​မျှ​ဟော​ကြား တော်​မ​မူ။-

မဿဲ 13