23. မြေကောင်းမြေသန့်တွင်ကျသည့်မျိုးစေ့ကား တရားတော်ကိုကြား၍နားလည်သူတို့ကိုဆို လို၏။ သူတို့သည်အဆတစ်ရာ၊ အဆခြောက် ဆယ်၊ အဆသုံးဆယ်အသီးအနှံများကို ဆောင်ကုန်၏'' ဟုမိန့်တော်မူသည်။
24. သခင်ယေရှုသည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံတော် သည်ဤအဖြစ်အပျက်နှင့်တူ၏။ လူတစ်ယောက် သည်မိမိဂျုံမျိုးကောင်းမျိုးသန့်ကိုကြဲ၏။-
25. သို့ရာတွင်ညအခါလူတို့အိပ်ပျော်နေချိန်၌ ရန်သူသည်လာ၍ဂျုံမျိုးကြဲထားရာတွင်ဂျုံ ရိုင်းစေ့များကိုကြဲပြီးနောက်ထွက်ခွာသွား၏။-
26. ဂျုံပင်ကလေးများပေါက်ပြီးနောက်ဂျုံနှံများ ထွက်လာသောအခါဂျုံရိုင်းပင်များလည်းပေါ် ထွက်လာလေသည်။-
27. ထိုအခါစာရင်းငှားတို့သည်လယ်ရှင်ထံလာ၍ `အရှင်၊ အရှင့်ဂျုံခင်းတွင်မျိုးကောင်းမျိုးသန့်များ ကြဲခဲ့သည်မဟုတ်ပါလော။ ဂျုံရိုင်းပင်များကား အဘယ်မှရောက်ရှိလာပါသနည်း' ဟုမေးကြ၏။-
28. လယ်ရှင်က `ဤအရာကားရန်သူ၏လက်ချက်ပင် ဖြစ်၏' ဟုဆိုလျှင်စာရင်းငှားများက `ထိုသို့ဖြစ် ပါမူဂျုံရိုင်းများကိုသွား၍နုတ်ပစ်ရပါမည် လော' ဟုမေးပြန်ကြ၏။-
29. လယ်ရှင်က၊ နုတ်မပစ်ကြနှင့်ဦး။ ဂျုံရိုင်းများကို နုတ်လိုက်လျှင်ဂျုံကောင်းများလည်းပါသွားလိမ့် မည်။-
30. ကောက်ရိတ်ချိန်တိုင်အောင်အပင်နှစ်မျိုးလုံးဆက် လက်ကြီးပွားစေကြလော့။ ကောက်ရိတ်ချိန်ရောက် သော်ကောက်ရိတ်သမားတို့အားဦးစွာဂျုံရိုင်း များကိုနုတ်၍စည်းထားပြီးလျှင်မီးရှို့ပစ်ကြ။ ထိုနောက်ဂျုံစပါးကိုစုသိမ်း၍ငါ၏ကျီ၌ သွင်းထားကြဟုငါမှာကြားမည်' ဟုဆို၏'' ဟူ ၍မိန့်တော်မူသည်။
31. သခင်ယေရှုသည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံ တော်သည်ဤအဖြစ်အပျက်နှင့်တူ၏။ လူတစ် ယောက်သည်မုန်ညင်းစေ့ကိုယူ၍မိမိဥယျာဉ် တွင်စိုက်၏။-