မဿဲ 13:1-9 Common Language Bible (BCL)

1. ထို​နေ့​၌​ပင်​လျှင်​သ​ခင်​ယေ​ရှု​သည်​ထို​အိမ်​မှ ထွက်​ကြွ​တော်​မူ​၍​အိုင်​ကမ်း​ခြေ​တွင်​ထိုင်​တော် မူ​၏။-

2. အ​ထံ​တော်​သို့​လာ​ရောက်​ကြ​သည့်​လူ​ပ​ရိ​သတ် မှာ​များ​လှ​သ​ဖြင့် ကိုယ်​တော်​သည်​လှေ​ပေါ်​သို့ တက်​၍​ထိုင်​တော်​မူ​၏။ လူ​အ​ပေါင်း​တို့​က​ကမ်း ခြေ​တွင်​ရပ်​လျက်​နေ​ကြ​၏။-

3. ကိုယ်​တော်​သည်​ထို​သူ​တို့​အား ပုံ​ဥ​ပ​မာ​ဆောင်​၍ များ​စွာ​သော​အ​ကြောင်း​အ​ရာ​များ​ကို​သွန်​သင် တော်​မူ​၏။ကိုယ်​တော်​က ``မျိုး​ကြဲ​သူ​လူ​တစ်​ယောက်​သည် မျိုး​ကြဲ​ရန်​ထွက်​သွား​၏။-

4. မျိုး​ကြဲ​သော​အ​ခါ​အ​ချို့​မျိုး​စေ့​တို့​သည်​လမ်း တွင်​ကျ​သ​ဖြင့်​ငှက်​တို့​သည်​လာ​၍​စား​ကြ​၏။-

5. အ​ချို့​မျိုး​စေ့​တို့​သည်​မြေ​ဆီ​လွှာ​ပါး​သည့် ကျောက်​ခံ​မြေ​ပေါ်​တွင်​ကျ​၏။ မြေ​သား​တိမ် သ​ဖြင့်​အ​ပင်​များ​လျင်​မြန်​စွာ​ပေါက်​သော် လည်း၊-

6. နေ​ထွက်​သော​အ​ခါ​နေ​ပူ​လောင်​၍​အ​မြစ်​မ​စွဲ သည့်​အ​တွက်​ညှိုး​နွမ်း​၍​သွား​ကြ​၏။-

7. အ​ချို့​မျိုး​စေ့​တို့​သည်​ဆူး​တော​တွင်​ကျ​၏။ ဆူး​ပင် များ​ကြီး​ထွား​လာ​ပြီး​နောက်​အ​ပင်​ငယ်​တို့​ကို လွှမ်း​မိုး​ကာ​သေ​စေ​ကြ​၏။-

8. အ​ချို့​မျိုး​စေ့​တို့​ကား​မြေ​ကောင်း​မြေ​သန့်​တွင် ကျ​၏။ အ​ပင်​များ​ပေါက်​၍​အ​ဆ​တစ်​ရာ၊ အ​ဆ ခြောက်​ဆယ်၊ အ​ဆ​သုံး​ဆယ်​သီး​နှံ​များ​ကို​ဆောင် ကုန်​၏။

9. ကြား​တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။

မဿဲ 13