1. ထိုနေ့၌ပင်လျှင်သခင်ယေရှုသည်ထိုအိမ်မှ ထွက်ကြွတော်မူ၍အိုင်ကမ်းခြေတွင်ထိုင်တော် မူ၏။-
2. အထံတော်သို့လာရောက်ကြသည့်လူပရိသတ် မှာများလှသဖြင့် ကိုယ်တော်သည်လှေပေါ်သို့ တက်၍ထိုင်တော်မူ၏။ လူအပေါင်းတို့ကကမ်း ခြေတွင်ရပ်လျက်နေကြ၏။-
3. ကိုယ်တော်သည်ထိုသူတို့အား ပုံဥပမာဆောင်၍ များစွာသောအကြောင်းအရာများကိုသွန်သင် တော်မူ၏။ကိုယ်တော်က ``မျိုးကြဲသူလူတစ်ယောက်သည် မျိုးကြဲရန်ထွက်သွား၏။-
4. မျိုးကြဲသောအခါအချို့မျိုးစေ့တို့သည်လမ်း တွင်ကျသဖြင့်ငှက်တို့သည်လာ၍စားကြ၏။-
5. အချို့မျိုးစေ့တို့သည်မြေဆီလွှာပါးသည့် ကျောက်ခံမြေပေါ်တွင်ကျ၏။ မြေသားတိမ် သဖြင့်အပင်များလျင်မြန်စွာပေါက်သော် လည်း၊-
6. နေထွက်သောအခါနေပူလောင်၍အမြစ်မစွဲ သည့်အတွက်ညှိုးနွမ်း၍သွားကြ၏။-
7. အချို့မျိုးစေ့တို့သည်ဆူးတောတွင်ကျ၏။ ဆူးပင် များကြီးထွားလာပြီးနောက်အပင်ငယ်တို့ကို လွှမ်းမိုးကာသေစေကြ၏။-
8. အချို့မျိုးစေ့တို့ကားမြေကောင်းမြေသန့်တွင် ကျ၏။ အပင်များပေါက်၍အဆတစ်ရာ၊ အဆ ခြောက်ဆယ်၊ အဆသုံးဆယ်သီးနှံများကိုဆောင် ကုန်၏။
9. ကြားတတ်သောနားရှိသူတို့ကြားကြလော့'' ဟု မိန့်တော်မူ၏။
10. တပည့်တော်တို့သည်အထံတော်သို့ချဉ်းကပ် ၍ ``အရှင်သည်အဘယ်ကြောင့်လူတို့အားပုံ ဥပမာဖြင့်သာလျှင်မိန့်တော်မူပါသနည်း'' ဟု မေးလျှောက်ကြ၏။
11. ကိုယ်တော်က ``သင်တို့သည်ကောင်းကင်နိုင်ငံတော် နှင့်ဆိုင်သောနက်နဲသည့်အကြောင်းအရာများ ကိုနားလည်ခွင့်ရကြ၏။ အခြားသူများမူ ကားထိုအခွင့်ကိုမရကြ။-
12. ဘုရားသခင်သည်ရှိသူအားပိုလျှံသည့်တိုင်အောင် ထပ်လောင်း၍ပေးတော်မူ၍မရှိသူထံမှရှိသမျှ ကိုပင်ရုပ်သိမ်းတော်မူလိမ့်မည်။-