မဿဲ 12:35-50 Common Language Bible (BCL)

35. ကောင်း​မြတ်​သော​သူ​သည်​မိ​မိ​၏​ကောင်း​မြတ်​သော စိတ်​နှ​လုံး​ဘဏ္ဍာ​တိုက်​အ​တွင်း​မှ​ကောင်း​မြတ်​သော အ​ရာ​ကို​ထုတ်​ဖော်​တတ်​၏။ ဆိုး​ယုတ်​သော​သူ​သည် မိ​မိ​ဆိုး​ယုတ်​သော​စိတ်​နှ​လုံး​ဘဏ္ဍာ​တိုက်​အ​တွင်း မှ​ဆိုး​ယုတ်​သော​အ​ရာ​များ​ကို​ထုတ်​ဖော်​တတ်​၏။

36. ``သင်​တို့​အား​ငါ​ဆို​သည်​ကား​တ​ရား​စီ​ရင်​တော် မူ​ရာ​နေ့​၌​လူ​တို့​သည်​မိ​မိ​တို့​အ​ကျိုး​မဲ့​ပြော​ဆို သော​စ​ကား​များ​အ​တွက်​စစ်​ဆေး​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​လတ္တံ့။-

37. သင်​တို့​အ​ပြစ်​ဒဏ်​ခံ​ထိုက်​သည်​မ​ခံ​ထိုက်​သည် ကို​သင်​တို့​ပြော​ဆို​သည့်​စ​ကား​များ​အ​ရ ဘု​ရား​သ​ခင်​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

38. အ​ချို့​သော​ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ က ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​တို့​အား​နိ​မိတ်​လက္ခ​ဏာ တစ်​ခု​ကို​ပြ​တော်​မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။

39. ကိုယ်​တော်​က ``ဆိုး​ညစ်​၍​ဘု​ရား​မဲ့​သော​ဤ​ခေတ် လူ​တို့​သည်​နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း​ဆို​ကြ​ပါ သည်​တ​ကား။ သင်​တို့​သည်​ယော​န​၏​နိ​မိတ်​လက္ခ ဏာ​မှ​တစ်​ပါး အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ တွေ့​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။-

40. ယော​န​သည်​ငါး​ကြီး​၏​ဝမ်း​ထဲ​တွင်​သုံး​ရက်​တိုင် တိုင်​နေ​ရ​သ​ကဲ့​သို့ လူ​သား​သည်​လည်း​မြေ​ကြီး ထဲ​တွင်​သုံး​ရက်​နေ​ရ​လတ္တံ့။-

41. နိ​နေ​ဝေ​မြို့​သား​တို့​သည်​ယော​န​၏​ဟော​ပြော​ချက် ကြောင့်​နောင်​တ​ရ​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည် တရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ထ​၍​သင်​တို့​အား ပြစ်​တင်​စွပ်​စွဲ​ကြ​လိမ့်​မည်။ ဤ​အ​ရပ်​တွင်​ယော​န ထက်​ကြီး​မြတ်​သည့်​အ​ရာ​ရောက်​ရှိ​နေ​လေ​ပြီ။

42. ဒက္ခိဏ​ပြည်​က​ဘု​ရင်​မ​သည်​ဉာဏ်​ပ​ညာ​ရှင် ရှော​လ​မုန်​မင်း​ကြီး​၏​စ​ကား​ကို​ကြား​နာ​ရန် ဝေး​လံ​ရပ်​ခြား​တိုင်း​တစ်​ပါး​မှ​လာ​ရောက်​ခဲ့​၏။ သို့​ဖြစ်​၍​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​သူ​သည် ထ​၍​သင်​တို့​အား​ပြစ်​တင်​စွပ်​စွဲ​လိမ့်​မည်။ ဤ အ​ရပ်​တွင်​ရှော​လ​မုန်​မင်း​ထက်​ကြီး​မြတ်​သည့် အ​ရာ​ရောက်​ရှိ​နေ​လေ​ပြီ​ဟု​ငါ​ဆို​၏။

43. ``ညစ်​ညမ်း​သော​နတ်​သည်​မိ​မိ​ပူး​ဝင်​နေ​သူ​လူ ထဲ​မှ​ထွက်​သည့်​အ​ခါ​ခြောက်​သွေ့​ရာ​အ​ရပ်​တွင် လှည့်​လည်​၍​နား​နေ​စ​ရာ​ကို​ရှာ​တတ်​၏။ ယင်း သို့​ရှာ​၍​မ​တွေ့​သော​အ​ခါ၊

44. `ငါ​ယ​ခင်​နေ​ခဲ့​သည့်​နေ​ရာ​သို့​ပင်​ပြန်​ပါ​အံ့' ဟု​ဆို​၏။ ထို​နေ​ရာ​သို့​ပြန်​ရောက်​သော​အ​ခါ သပ်​ရပ်​စွာ​လှည်း​ကျင်း​ထား​သည်​ကို​တွေ့​သ​ဖြင့်၊

45. သူ​သည်​သွား​၍​မိ​မိ​ထက်​ညစ်​ညမ်း​သော​နတ် ခု​နစ်​ဦး​ကို​ခေါ်​ခဲ့​ပြီး​လျှင်​ထို​နေ​ရာ​တွင်​နေ လေ​၏။ သို့​ဖြစ်​၍​နတ်​ပူး​ဝင်​သူ​၏​နောက်​ဖြစ်​အင် သည်​ပ​ထ​မ​ဖြစ်​အင်​ထက်​ဆိုး​ရွား​လေ​တော့​၏။ ဤ​ဆိုး​ညစ်​သော​လူ​တို့​သည်​လည်း​ထို​နည်း​အ​တိုင်း ပင်​ခံ​စား​ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။

46. ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​အား​ဟော​ပြော သွန်​သင်​လျက်​နေ​တော်​မူ​စဉ်​မယ်​တော်​နှင့်​ညီ​တော် များ​ရောက်​လာ​၍​ကိုယ်​တော်​နှင့်​တွေ့​လို​သ​ဖြင့် အ​ပြင်​တွင်​စောင့်​လျက်​နေ​ကြ​၏။-

47. လူ​တစ်​ယောက်​က ``အ​ရှင်​၏​မယ်​တော်​နှင့်​ညီ​တော် များ​သည်​အ​ရှင်​နှင့်​တွေ့​လို​၍​အ​ပြင်​တွင်​စောင့် နေ​ကြ​ပါ​သည်'' ဟု​လျှောက်​၏။-

48. ကိုယ်​တော်​က ``ငါ့​အ​မိ​ကား​မည်​သူ​နည်း။ ငါ့​ညီ၊ ငါ့​အစ်​ကို​များ​ကား​မည်​သူ​နည်း'' ဟု​ပြန်​၍ မေး​တော်​မူ​၏။-

49. ထို​နောက်​ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​ကို ညွှန်​ပြ​လျက် ``ငါ့​အ​မိ၊ ငါ့​ညီ၊ ငါ့​အစ်​ကို​များ ကား​ဤ​သူ​တို့​တည်း။-

50. ကောင်း​ကင်​ဘုံ​ရှင်​ငါ့​ခ​မည်း​တော်​၏​အ​လို​တော် အ​တိုင်း​ဆောင်​ရွက်​သူ​မှန်​သ​မျှ​သည်​ငါ့​ညီ၊ ငါ့ အစ်​ကို၊ ငါ့​အစ်​မ၊ ငါ့​နှ​မ၊ ငါ့​အ​မိ​တို့​ပေ တည်း'' ဟု​မိန့်​တော်​မူ​၏။

မဿဲ 12