မဿဲ 11:14-24 Common Language Bible (BCL)

14. ထို​ဖော်​ပြ​ချက်​များ​ကို​သင်​တို့​လက်​ခံ​ကြ ပါ​လျှင် ယော​ဟန်​သည်​ပေါ်​ထွန်း​လာ​ရ​မည့် ဧ​လိ​ယ​ပင်​ဖြစ်​ကြောင်း​ကို​လည်း​လက်​ခံ ကြ​လိမ့်​မည်။-

15. ကြား​တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​ကုန်​လော့။

16. ``ငါ​သည်​ဤ​ခေတ်​လူ​တို့​ကို​အ​ဘယ်​သို့​ပုံ​နှိုင်း ရ​မည်​နည်း။ သူ​တို့​သည်​စျေး​ရပ်​ကွက်​တွင်​ထိုင်​လျက် နေ​သည့်​က​လေး​သူ​ငယ်​များ​နှင့်​တူ​ကြ​၏။ သူ​ငယ် တစ်​စု​က​အ​ခြား​တစ်​စု​အား `ငါ​တို့​သည်​တီး​မှုတ် သော်​လည်း​သင်​တို့​မ​က​မ​ခုန်​ကြ။-

17. ငါ​တို့​သည်​ငို​ချင်း​ကို​ဆို​သော်​လည်း​သင်​တို့ မ​ငို​မ​ကြွေး​ကြ' ဟု​ဟစ်​အော်​ပြော​ဆို​ကြ​၏။-

18. ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည်​အ​စာ​ရှောင်​လျက် မ​သောက်​မ​စား​ဘဲ သင်​တို့​ထံ​လာ​သော​အ​ခါ သင်​တို့​က `ဤ​သူ​သည်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ​ဖြစ် သည်' ဟု​ဆို​ကြ​၏။-

19. လူ​သား​သည်​စား​လျက်​သောက်​လျက်​လာ​သော အ​ခါ​၌​မူ​သင်​တို့​က `ကြည့်​လော့။ ဤ​သူ​သည် စား​ကြူး​သောက်​ကြူး​သူ​ဖြစ်​၏။ အ​ခွန်​ခံ​သူ​တို့ နှင့်​အ​ခြား​အ​ပယ်​ခံ​တို့​၏​မိတ်​ဆွေ​ဖြစ်​၏' ဟု ဆို​ကြ​ပြန်​၏။ ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​တော် သည်​မှန်​ကန်​ကြောင်း​ကို ထို​ပ​ညာ​တော်​မှ​သက် ရောက်​လာ​သည့်​အ​ကျိုး​တ​ရား​များ​က​သက် သေ​ပြ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

20. အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော် မူ​ခဲ့​သည့်​မြို့​များ​သည်​နောင်​တ​မ​ရ​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ထို​မြို့​တို့​အား​ဤ​သို့​ပြစ်​တင် ဆုံး​မ​တော်​မူ​၏။ ကိုယ်​တော်​က၊

21. ``အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည်​အ​မင်္ဂ​လာ​ရှိ​၏။ အို ဗက်​ဇဲ ဒ​မြို့၊ သင်​သည်​အ​မင်္ဂ​လာ​ရှိ​၏။ သင်​တို့​တွင်​ငါ​ပြု​ခဲ့ သည့်​အံ့​ဖွယ်​အ​မှု​အ​ရာ​များ​ကို​တု​ရု​နှင့်​ဇိ​ဒုံ​မြို့ တို့​တွင်​သာ​ပြု​ခဲ့​ပါ​မူ ထို​မြို့​တို့​သည်​ရှေး​မ​ဆွ​က​ပင် လျှင်​လျှော်​တေ​ကို​ဝတ်​၍​ပြာ​နှင့်​လူး​လျက်​နောင်​တ ရ​ကြ​လိမ့်​မည်။-

22. သို့​ရာ​တွင်​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ သင်​တို့​သည် တု​ရု​နှင့်​ဇိ​ဒုံ​မြို့​တို့​ထက်​ပို​၍​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ ပေ​အံ့။-

23. အို က​ပေ​ရ​နောင်​မြို့၊ သင်​သည်​ကောင်း​ကင်​ဘုံ​တိုင်​အောင် မြှောက်​စား​ခြင်း​ကို​ခံ​ရ​လိမ့်​မည်​ဟု​ထင်​မှတ်​ပါ​သ လော။ မ​ရ​ဏာ​နိုင်​ငံ​အ​ထိ​နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​လတ္တံ့။ အ​ဘယ်​ကြောင့်​ဆို​သော်​သင့်​ထံ​တွင် ငါ​ပြု​ခဲ့​သည့် အံ့​ဖွယ်​အ​မှု​အ​ရာ​များ​ကို​သော​ဒုံ​မြို့​တွင်​သာ​ပြု ခဲ့​ပါ​မူ ထို​မြို့​သည်​ယ​နေ့​တိုင်​အောင်​တည်​လျက် ရှိ​ပေ​မည်။-

24. တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​သင်​သည်​သော​ဒုံ​မြို့ ထက်​ပို​၍​အ​ပြစ်​ဒဏ်​ခံ​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

မဿဲ 11