မဿဲ 11:10-16 Common Language Bible (BCL)

10. ယော​ဟန်​ကား​ကျမ်း​စာ​တော်​တွင်၊`နား​ထောင်​လော့။ သင်​၏​လမ်း​ကို​အ​သင့်​ဖြစ်​စေ​ရန်၊ငါ​၏​စေ​တ​မန်​ကို​သင့်​အ​လျင်​စေ​လွှတ်​မည်' ဟု ဖော်​ပြ​ထား​၏။-ယော​ဟန်​ကား​ထို​စေ​တ​မန်​ပင်​တည်း။-

11. လူ့​သ​မိုင်း​တွင်​ယော​ဟန်​ထက်​ကြီး​မြတ်​သူ​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ​ဟု သင်​တို့​အား​ငါ​ဆို​၏။ သို့​ရာ တွင်​ကောင်း​ကင်​နိုင်​ငံ​တော်​၌ အ​သိမ်​ငယ်​ဆုံး​သော သူ​သည်​ယော​ဟန်​ထက်​ကြီး​မြတ်​၏။-

12. ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​စ​တင်​ဟော​ပြော​ချိန်​မှ အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင်​ကောင်း​ကင်​နိုင်​ငံ တော်​သည် အ​ကြမ်း​ဖက်​သ​မား​တို့​၏​တိုက်​ခိုက် မှု​ကို​ခံ​ရ​၏။ အ​ကြမ်း​ဖက်​သ​မား​တို့​သည်​ထို နိုင်​ငံ​တော်​ကို​သိမ်း​ယူ​ရန်​ကြိုး​စား​ကြ​၏။-

13. ယော​ဟန်​ပေါ်​ထွန်း​လာ​ချိန်​တိုင်​အောင်​ပ​ရော​ဖက် အ​ပေါင်း​နှင့်​မော​ရှေ​၏​ပ​ညတ်​ကျမ်း​က​နိုင်​ငံ တော်​အ​ကြောင်း​ကို​ဖော်​ပြ​ခဲ့​ကြ​ပေ​သည်။-

14. ထို​ဖော်​ပြ​ချက်​များ​ကို​သင်​တို့​လက်​ခံ​ကြ ပါ​လျှင် ယော​ဟန်​သည်​ပေါ်​ထွန်း​လာ​ရ​မည့် ဧ​လိ​ယ​ပင်​ဖြစ်​ကြောင်း​ကို​လည်း​လက်​ခံ ကြ​လိမ့်​မည်။-

15. ကြား​တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​ကုန်​လော့။

16. ``ငါ​သည်​ဤ​ခေတ်​လူ​တို့​ကို​အ​ဘယ်​သို့​ပုံ​နှိုင်း ရ​မည်​နည်း။ သူ​တို့​သည်​စျေး​ရပ်​ကွက်​တွင်​ထိုင်​လျက် နေ​သည့်​က​လေး​သူ​ငယ်​များ​နှင့်​တူ​ကြ​၏။ သူ​ငယ် တစ်​စု​က​အ​ခြား​တစ်​စု​အား `ငါ​တို့​သည်​တီး​မှုတ် သော်​လည်း​သင်​တို့​မ​က​မ​ခုန်​ကြ။-

မဿဲ 11