မဿဲ 11:1-4 Common Language Bible (BCL)

1. သ​ခင်​ယေ​ရှု​သည်​ထို​သို့​တ​ပည့်​တော်​တစ်​ကျိပ် နှစ်​ပါး​တို့​အား သြ​ဝါ​ဒ​ပေး​တော်​မူ​ပြီး​နောက် အ​နီး​အ​နား​ရှိ​မြို့​များ​တွင် ဟော​ပြော​သွန်​သင် ရန်​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော်​မူ​၏။

2. ခ​ရစ်​တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို ယော​ဟန်​သည်​ထောင်​ထဲ​တွင်​ကြား သိ​ရ​သော​အ​ခါ မိ​မိ​၏​တ​ပည့်​များ​ကို​စေ လွှတ်​၍၊-

3. ``အ​ရှင်​သည်​ကြွ​လာ​တော်​မူ​မည်​ဟု​ဆို​သော အ​ရှင်​ပေ​လော။ သို့​မ​ဟုတ်​အ​ကျွန်ုပ်​တို့​သည် အ​ခြား​အ​ရှင်​တစ်​ပါး​ကို​စောင့်​မျှော်​ရ​ကြ ပါ​မည်​လော'' ဟု​မေး​လျှောက်​စေ​၏။-

4. သ​ခင်​ယေ​ရှု​က​ထို​သူ​တို့​အား ``သင်​တို့​မြင်​ရ ကြား​ရ​သည့်​အ​ရာ​များ​ကို​ယော​ဟန်​ထံ​သွား ၍​ပြော​ပြ​ကြ​လော့။-

မဿဲ 11