33. သို့ရာတွင်ငါ့ကိုလူတို့ရှေ့တွင်ပစ်ပယ်သူကို ကောင်းကင်ဘုံရှင်ငါ့အဖ၏ရှေ့တော်တွင်ငါ ပစ်ပယ်မည်။
34. ``ဤလောကကိုငြိမ်းချမ်းသာယာမှုပေးရန်ငါ လာသည်ဟုမထင်ကြနှင့်။ ငါသည်ငြိမ်းချမ်း သာယာမှုပေးရန်လာသည်မဟုတ်။ ခိုက်ရန်ဖြစ် ပွားကြစေရန်သာငါလာ၏။-
35. သားနှင့်အဖ၊ သမီးနှင့်အမိ၊ ချွေးမနှင့်ယောက္ခမ တို့ရန်ဖက်ဖြစ်စေရန်ငါလာသတည်း။-
36. လူတစ်ဦးတစ်ယောက်၏အဆိုးဆုံးရန်သူများ ကား သူ၏အိမ်သူအိမ်သားများပင်ဖြစ်လိမ့်မည်။-