မဿဲ 10:30-42 Common Language Bible (BCL)

30. သင်​တို့​ဦး​ခေါင်း​က​ဆံ​ပင်​များ​ကို​ပင်​လျှင် အ​ကုန်​အ​စင်​ရေ​တွက်​ထား​တော်​မူ​၏။-

31. သို့​ဖြစ်​၍​မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည်​စာ က​လေး​အ​မြောက်​အ​မြား​ထက်​လွန်​စွာ​ပို​၍ အ​ဖိုး​ထိုက်​ကြ​၏။

32. ``သို့​ဖြစ်​၍​ငါ့​ကို​အ​ရှင်​သ​ခင်​အ​ဖြစ်​လူ​တို့ ရှေ့​တွင်​ထုတ်​ဖော်​ဝန်​ခံ​သူ​ကို​ငါ​၏​တ​ပည့်​အ​ဖြစ် ဖြင့် ကောင်း​ကင်​ဘုံ​ရှင်​ငါ့​အ​ဖ​၏​ရှေ့​တော်​တွင်​ငါ ထုတ်​ဖော်​ဝန်​ခံ​မည်။-

33. သို့​ရာ​တွင်​ငါ့​ကို​လူ​တို့​ရှေ့​တွင်​ပစ်​ပယ်​သူ​ကို ကောင်း​ကင်​ဘုံ​ရှင်​ငါ့​အ​ဖ​၏​ရှေ့​တော်​တွင်​ငါ ပစ်​ပယ်​မည်။

34. ``ဤ​လော​က​ကို​ငြိမ်း​ချမ်း​သာ​ယာ​မှု​ပေး​ရန်​ငါ လာ​သည်​ဟု​မ​ထင်​ကြ​နှင့်။ ငါ​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ပေး​ရန်​လာ​သည်​မ​ဟုတ်။ ခိုက်​ရန်​ဖြစ် ပွား​ကြ​စေ​ရန်​သာ​ငါ​လာ​၏။-

35. သား​နှင့်​အ​ဖ၊ သ​မီး​နှင့်​အမိ၊ ချွေး​မ​နှင့်​ယောက္ခ​မ တို့​ရန်​ဖက်​ဖြစ်​စေ​ရန်​ငါ​လာ​သ​တည်း။-

36. လူ​တစ်​ဦး​တစ်​ယောက်​၏​အ​ဆိုး​ဆုံး​ရန်​သူ​များ ကား သူ​၏​အိမ်​သူ​အိမ်​သား​များ​ပင်​ဖြစ်​လိမ့်​မည်။-

37. မိ​ဘ​ကို​ငါ့​ထက်​ပို​၍​ချစ်​သူ​သည်​ငါ​၏​တ​ပည့် မ​ဖြစ်​ထိုက်၊ သား​သ​မီး​ကို​ငါ့​ထက်​ပို​၍​ချစ်​သူ သည်​ငါ​၏​တ​ပည့်​မ​ဖြစ်​ထိုက်။-

38. ကိုယ့်​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​၍ ငါ့​နောက်​ကို မ​လိုက်​သော​သူ​သည်​ငါ​၏​တ​ပည့်​မ​ဖြစ်​ထိုက်။-

39. မိ​မိ​အ​သက်​လုံ​ခြုံ​မှု​ရ​ရှိ​ရန်​ကြိုး​ပမ်း​သူ သည်​အ​သက်​ဆုံး​ရှုံး​ရ​လိမ့်​မည်။ ငါ့​အ​တွက် အ​သက်​ဆုံး​ရှုံး​သူ​သည်​မိ​မိ​အ​သက်​လုံ​ခြုံ မှု​ရ​ရှိ​လိမ့်​မည်။

40. ``သင်​တို့​ကို​လက်​ခံ​သော​သူ​သည်​ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည်​ငါ့​ကို​စေ​လွှတ်​တော်​မူ သော​အ​ရှင်​ကို​လက်​ခံ​၏။-

41. ဘု​ရား​သ​ခင်​၏​စေ​တ​မန်​ဖြစ်​ခြင်း​ကို​ထောက်​၍ ဘု​ရား​သ​ခင်​၏​စေ​တ​မန်​အား​လက်​ခံ​သူ​သည် ထို​စေ​တ​မန်​ခံ​စား​ရ​သော​အ​ကျိုး​ကို​ခံ​စား​ရ လိမ့်​မည်။ သူ​တော်​ကောင်း​ဖြစ်​ခြင်း​ကို​ထောက်​၍ သူ​တော်​ကောင်း​ကို​လက်​ခံ​သူ​သည် သူ​တော်​ကောင်း ခံ​စား​ရ​သော​အ​ကျိုး​ကို​ခံ​စား​ရ​လိမ့်​မည်။-

42. အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏​တ​ပည့်​များ​အ​နက်​အ​သိမ်​ငယ်​ဆုံး​သူ တစ်​စုံ​တစ်​ယောက်​အား ငါ​၏​မျက်​နှာ​ကို​ထောက် ၍​သောက်​ရေ​တစ်​ခွက်​ကို​ပေး​သော​သူ​သည်​အ​ကျိုး ကို​မ​ခံ​စား​ဘဲ​မ​နေ​ရ။''

မဿဲ 10