25. ထို့ကြောင့်တပည့်သည်ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည်သခင်ကဲ့သို့လည်းကောင်းဖြစ်လျှင်ကျေ နပ်လောက်ပေပြီ။ အိမ်ထောင်ဦးစီးကိုဗေလဇေ ဗုလဟုခေါ်ဝေါ်ကြပါလျှင်အိမ်သူအိမ်သား တို့ကိုသာ၍ဆိုးရွားသောနာမည်များဖြင့်ခေါ် ဝေါ်ကြလိမ့်မည်။
26. ``သို့ဖြစ်၍လူတို့ကိုမကြောက်ကြနှင့်။ ဖုံးအုပ်ထား သည့်အရာဟူသမျှသည်ထင်ပေါ်လာရလိမ့်မည်။ လျှို့ဝှက်မှုဟူသမျှသည်လည်းပေါ်လွင်၍လာရ လိမ့်မည်။-
27. အမှောင်တွင်သင်တို့အားငါပြောသောစကား ကိုအလင်းတွင်ပြောကြားကြလော့။ တီးတိုး ကြားရသည့်စကားကိုအိမ်မိုးထက်မှကြွေး ကြော်ကြလော့။-
28. ကိုယ်ခန္ဓာကိုဖျက်ဆီးနိုင်သော်လည်းဝိညာဉ်ကို မဖျက်ဆီးနိုင်သောသူများအားမကြောက်ကြ နှင့်။ ကိုယ်ခန္ဓာနှင့်ဝိညာဉ်ကိုငရဲတွင်ဖျက်ဆီး နိုင်သောဘုရားသခင်ကိုသာလျှင်ကြောက်ကြ လော့။-
29. စာကလေးနှစ်ကောင်ကိုအဿရိတစ်ပြားဖြင့်ဝယ် နိုင်သည်မဟုတ်လော။ သို့ရာတွင်ထိုစာကလေး တစ်ကောင်မျှသင်တို့အဖအခွင့်မပြုဘဲမသေ မပျောက်ရ။-
30. သင်တို့ဦးခေါင်းကဆံပင်များကိုပင်လျှင် အကုန်အစင်ရေတွက်ထားတော်မူ၏။-