မဿဲ 10:12-16 Common Language Bible (BCL)

12. အိမ်​သို့​ဝင်​သော​အ​ခါ​မင်္ဂလာ​ရှိ​ပါ​စေ​ဟူ​၍ နှုတ်​ခွန်း​ဆက်​ကြ​လော့။-

13. ထို​အိမ်​သူ​အိမ်​သား​တို့​သည်​ထိုက်​တန်​သူ​များ​ဖြစ် လျှင် သင်​တို့​ပေး​သည့်​ကောင်း​ချီး​မင်္ဂလာ​သည်​သူ​တို့ အ​ပေါ်​သက်​ရောက်​လိမ့်​မည်။ ထို​သို့​ခံ​စား​ထိုက်​သူ များ​မ​ဟုတ်​ပါ​မူ​သင်​တို့​၏​ကောင်း​ချီး​မင်္ဂလာ​သည် သင်​တို့​ထံ​သို့​ပြန်​လည်​ရောက်​ရှိ​လာ​လိမ့်​မည်။-

14. သင်​တို့​ကို​လက်​မ​ခံ​လို၊ သင်​တို့​ဟော​ပြော​သည့် တ​ရား​ကို​လည်း​မ​နာ​ယူ​လို​သည့်​အိမ်၊ သို့​မ​ဟုတ် မြို့​မှ​ထွက်​ခွာ​ခဲ့​ကြ​လော့။ ထို​နောက်​သင်​တို့​ခြေ ဖ​ဝါး​မှ​မြေ​မှုန့်​ကို​ခါ​ချ​ခဲ့​ကြ​လော့။-

15. အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ထို​မြို့​သည် သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ထက်​ပို​၍ အ​ပြစ်​ဒဏ်​ခံ​ရ​လိမ့်​မည်။

16. ``သိုး​များ​အား​ဝံ​ပု​လွေ​စု​ထဲ​သို့​စေ​လွှတ်​သ​ကဲ့ သို့​သင်​တို့​အား​ငါ​စေ​လွှတ်​၏။ သို့​ဖြစ်​၍​မြွေ​ကဲ့​သို့ ပါး​နပ်​လိမ္မာ​ကာ​ချိုး​ကဲ့​သို့​အ​ဆိပ်​ကင်း​၍​နူး​ညံ့ သိမ်​မွေ့​ကြ​လော့။-

မဿဲ 10