8. အာသ၏သားသည်ယောရှဖတ်၊ ယောရှဖတ်၏သား မှာယဟောရံ၊ ယဟောရံ၏သားကားဩဇိဖြစ်၏။-
9. ဩဇိ၏သားသည်ယောသံ၊ ယောသံ၏သားမှာ အာခတ်၊ အာခတ်၏သားကားဟေဇကိဖြစ်၏။-
10. ဟေဇကိ၏သားသည်မနာရှေ၊ မနာရှေ၏သား မှာအာမုန်၊ အာမုန်၏သားကားယောရှိဖြစ်၏။-
11. ဗာဗုလုန်မြို့သို့ဣသရေလအမျိုးသားတို့အား ဖမ်းဆီးခေါ်ဆောင်သွားချိန်၌ ယောရှိရသော သားများကားယေခေါနိနှင့်ညီများဖြစ်ကြ၏။
12. ဗာဗုလုန်မြို့သို့ဣသရေလအမျိုးသားတို့ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရပြီးနောက်၊ ယေခေါနိရသောသား သည်ရှာလသေလ၊ ရှာလသေလ၏သားမှာဇေရုဗ ဗေလဖြစ်၏။-
13. ဇေရုဗဗေလ၏သားသည်အဗျုဒ်၊ အဗျုဒ်၏သားမှာ ဧလျာကိမ်၊ ဧလျာကိမ်၏သားကားအာဇော်ဖြစ်၏။-
14. အာဇော်၏သားသည်ဇာဒုတ်၊ ဇာဒုတ်၏သားမှာ အာခိမ်၊ အာခိမ်၏သားကားဧလုဒ်ဖြစ်၏။-
15. ဧလုဒ်၏သားသည်ဧလာဇာ၊ ဧလာဇာ၏သားမှာ မဿန်၊ မဿန်၏သားကားယာကုပ်ဖြစ်၏။-