2. အာဗြဟံ၏သားသည်ဣဇာက်၊ ဣဇာက်၏သားမှာယာကုပ်၊ ယာကုပ်၏သားများကားယုဒနှင့်ညီများဖြစ်၏။-
3. ယုဒနှင့်တာမာမှရသောသားများသည်ဖာရက် နှင့်ဇာရ၊ ဖာရက်၏သားမှာဟေဇရုံ၊ ဟေဇရုံ ၏သားကားအာရံဖြစ်၏။-
4. အာရံ၏သားသည်အမိနဒပ်၊ အမိနဒပ်၏သား မှာနာရှုန်၊ နာရှုန်၏သားကားစာလမုန်ဖြစ်၏။-
5. စာလမုန်နှင့်ရာခပ်မှရသောသားသည်ဗောဇ၊ ဗောဇ နှင့်ရုသမှရသောသားမှာဩဗက်၊ ဩဗက်၏သား သည်ယေရှဲ၊ ယေရှဲ၏သားကားဒါဝိဒ်မင်းတည်း။
6. ဉရိယ၏ဇနီးနှင့်ဒါဝိဒ်မင်းရသောသားသည် ရှောလမုန်ဖြစ်၏။-
7. ရှောလမုန်၏သားသည်ရောဗောင်၊ ရောဗောင်၏သား မှာအဘိယ၊ အဘိယ၏သားကားအာသဖြစ်၏။-
8. အာသ၏သားသည်ယောရှဖတ်၊ ယောရှဖတ်၏သား မှာယဟောရံ၊ ယဟောရံ၏သားကားဩဇိဖြစ်၏။-
9. ဩဇိ၏သားသည်ယောသံ၊ ယောသံ၏သားမှာ အာခတ်၊ အာခတ်၏သားကားဟေဇကိဖြစ်၏။-