18. သခင်ယေရှုခရစ်ဖွားမြင်တော်မူပုံကားဤသို့ တည်း။ မယ်တော်မာရိနှင့်ယောသပ်တို့ထိမ်းမြားရန် စေ့စပ်ကြောင်းလမ်းထားပြီးနောက်၊ ပေါင်းသင်းနေထိုင် မှုမပြုရမီမာရိသည်သန့်ရှင်းသောဝိညာဉ်တော် ၏တန်ခိုးအားဖြင့်ပဋိသေနန္ဓစွဲကပ်လေ၏။-
19. ယောသပ်သည်စိတ်သဘောထားမြင့်မြတ်သူဖြစ် သည်အလျောက်မာရိအားအသရေမပျက်စေ လိုသဖြင့် သူနှင့်စေ့စပ်ကြောင်းလမ်းထားမှုကို တိတ်တဆိတ်ဖျက်သိမ်းရန်အကြံရှိ၏။-
20. ဤသို့အကြံရှိနေစဉ်သူသည်ထာဝရဘုရား ၏ကောင်းကင်တမန်တစ်ပါးကိုအိပ်မက်မြင်မက်၏။ ထိုကောင်းကင်တမန်က ``ဒါဝိဒ်၏သားမြေးယောသပ်၊ သင်သည်မာရိအားဇနီးအဖြစ်သိမ်းပိုက်ရမည်ကို မကြောက်နှင့်။ အဘယ်ကြောင့်ဆိုသော်သူ၏ဝမ်းတွင် ရှိသောပဋိသေနန္ဓကားသန့်ရှင်းသောဝိညာဉ်တော် ၏တန်ခိုးတော်အားဖြင့်ရသောပဋိသေနန္ဓဖြစ်၏။-
21. သူသည်သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထို သားသည်မိမိလူမျိုးအားအပြစ်မှကယ်တင် မည့်အရှင်ဖြစ်သောကြောင့်သူ့ကိုယေရှုဟု နာမည်မှည့်ရမည်'' ဟုဆို၏။
22. ဤအမှုအရာများမှာပရောဖက်အားဖြင့် ထာဝရဘုရားပေးတော်မူခဲ့သောဗျာဒိတ် တော်အတိုင်းဖြစ်ပျက်ခြင်းပင်ဖြစ်သတည်း။-
23. ဗျာဒိတ်တော်ကား ``အပျိုကညာသည်ကိုယ်ဝန် ဆောင်၍သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထို သားကိုဧမာနွေလ ဟုခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟူ၍ဖြစ်သတည်း။
24. သို့ဖြစ်၍ယောသပ်သည်အိပ်ပျော်ရာမှနိုးသော အခါ ထာဝရဘုရား၏ကောင်းကင်တမန်အမိန့် ရှိခဲ့သည့်အတိုင်း မာရိအားမိမိဇနီးအဖြစ် သိမ်းပိုက်လေ၏။-
25. သို့ရာတွင်သားယောက်ျားဖွားမြင်သည်တိုင်အောင် မာရိနှင့်ပေါင်းသင်းနေထိုင်မှုကိုမပြုဘဲနေ၏။ ထိုသားကိုယေရှုဟုနာမည်မှည့်လေ၏။