မြည်​တမ်း​စ​ကား 5:15-22 Common Language Bible (BCL)

15. ဝမ်း​မြောက်​ရွှင်​လန်း​မှု​သည်​ကျွန်​တော်​မျိုး​တို့ ၏​ဘ​ဝ​မှ ကွယ်​ပျောက်​သွား​ပါ​ပြီ။က​ခုန်​မှု​များ​သည်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​များ​သို့ ပြောင်း​လဲ​သွား​ပါ​ပြီ။

16. ကျွန်​တော်​မျိုး​တို့​တွင်​ဂုဏ်​ယူ​ဝါ​ကြွား​စ​ရာ တစ်​ခု​မျှ​မ​ကျန်​ရှိ​တော့​ပါ။ကျွန်​တော်​မျိုး​တို့​သည်​အ​ပြစ်​ကူး​ကြ​သ​ဖြင့် အ​မင်္ဂ​လာ​ရှိ​ကြ​ပါ​၏။

17. ကျွန်​တော်​မျိုး​တို့​သည်​စိတ်​ပျက်​၍ မျက်​ရည်​များ​ဝိုင်း​လျက်​နေ​သ​ဖြင့်ကျွန်​တော်​မျိုး​တို့​၏​မျက်​စိ​များ​သည် ကြည့်​၍​မ​မြင်​နိုင်​တော့​ပါ။

18. ဇိ​အုန်​တောင်​တော်​သည်​လူ​သူ​ဆိတ်​ညံ​သ​ဖြင့် ခွေး​အ​တို့​ကျက်​စား​ရာ​ဖြစ်​၍​နေ​ပါ​သည်။

19. သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည် ထာ​ဝ​စဉ်​ဘု​ရင်​ဖြစ်​တော်​မူ​ပါ​၏။ရာ​ဇ​ပလ္လင်​တော်​သည်​နိစ္စ​ထာ​ဝ​ရ​တည် ပါ​လိမ့်​မည်။

20. ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်ကျွန်​တော်​မျိုး​တို့​အား​အ​စဉ်​အ​မြဲ​မေ့​လျော့​၍ နေ​တော်​မူ​ပါ​သနည်း။အ​ဘယ်​ကြောင့်​ဤ​မျှ​ကြာ​စွာ​ကျွန်​တော်​မျိုး​တို့​ကို စွန့်​ပစ်​၍​ထား​တော်​မူ​ပါ​သ​နည်း။

21. အို ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ပြန်​လာ​ခွင့်​ပြု​တော်​မူ​ပါ။ကျွန်​တော်​မျိုး​တို့​အား​ပြန်​လာ​စေ​တော်​မူ​ပါ။ရှေး​ကာ​လ​မှာ​ကဲ့​သို့​ကျွန်​တော်​မျိုး​တို့​အား ဘုန်း​ကြီး​စေ​တော်​မူ​ပါ။

22. သို့​တည်း​မ​ဟုတ်​ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး တို့​အား ထာ​ဝ​စဉ်​စွန့်​ပစ်​ထား​တော်​မူ​ပြီ​လော။ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​ငြိမ်း​မည့် ကာ​လ​မ​ရှိ​တော့​ပါ​တ​ကား။ ပ​ရော​ဖက်​ယေ​ရ​မိ​မြည်​တမ်း​သော စ​ကား​ပြီး​၏။

မြည်​တမ်း​စ​ကား 5