မြည်​တမ်း​စ​ကား 5:1-6 Common Language Bible (BCL)

1. အို ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​သော အ​ဖြစ်​အ​ပျက်​များ​နှင့်ကျွန်​တော်​မျိုး​တို့​ကြုံ​တွေ့​ရ​ကြ​သည်​ကို အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ကျွန်​တော်​မျိုး​တို့​အား​ကြည့်​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​တို့​အ​သ​ရေ​ပျက်​မှု​ကို ရှု​မြင်​တော်​မူ​ပါ။

2. ကျွန်​တော်​မျိုး​တို့​၏​ပစ္စည်း​ဥစ္စာ​များ​သည်သူ​စိမ်း​တစ်​ရံ​ဆံ​တို့​၏​လက်​သို့​ရောက်​ရှိ​နေ​ပါ​ပြီ။လူ​မျိုး​ခြား​များ​သည်​ကျွန်​တော်​မျိုး​တို့​၏​အိမ်​များ​တွင် နေ​ထိုင်​လျက်​ရှိ​ကြ​ပါ​၏။

3. ကျွန်​တော်​မျိုး​တို့​၏​ဖ​ခင်​များ​သည်​ရန်​သူ​၏ သတ်​ဖြတ်​မှု​ကို​ခံ​ရ​ကြ​လျက်မိ​ခင်​များ​မှာ​မု​ဆိုး​မ​များ ဖြစ်​ရ​ကြ​ပါ​၏။

4. ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​၏​သောက်​ရေ​အ​တွက် အ​ဖိုး​ငွေ​ပေး​ရ​ကြ​ပါ​၏။ထင်း​ကို​လည်း​ဝယ်​ယူ​ရ​ကြ​ပါ​၏။

5. ကျွန်​တော်​မျိုး​တို့​သည်​မြည်း​များ၊ ကု​လား​အုတ် များ​ကဲ့​သို့ နောက်​မှ​အ​ပြင်း​မောင်း​နှင်​ခြင်း​ခံ​နေ​ရ​ကြ​ပါ​၏။မော​ပန်း​ပါ​သော်​လည်း​နား​နေ​ခွင့်​မ​ရ​ကြ​ပါ။

6. ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​အ​သက်​ရှင်​ရေး​အ​တွက် အ​စား​အ​စာ​အ​လုံ​အ​လောက်​ရ​ရှိ​နိုင်​ရန်အာ​ရှု​ရိ​ပြည်​နှင့်​အီ​ဂျစ်​ပြည်​သို့​သွား​၍ တောင်း​ရမ်း​ရ​ကြ​ပါ​၏။

မြည်​တမ်း​စ​ကား 5