1. အို ထာဝရဘုရားအဘယ်သို့သော အဖြစ်အပျက်များနှင့်ကျွန်တော်မျိုးတို့ကြုံတွေ့ရကြသည်ကို အောက်မေ့သတိရတော်မူပါ။ကျွန်တော်မျိုးတို့အားကြည့်တော်မူပါ၏။ကျွန်တော်မျိုးတို့အသရေပျက်မှုကို ရှုမြင်တော်မူပါ။
2. ကျွန်တော်မျိုးတို့၏ပစ္စည်းဥစ္စာများသည်သူစိမ်းတစ်ရံဆံတို့၏လက်သို့ရောက်ရှိနေပါပြီ။လူမျိုးခြားများသည်ကျွန်တော်မျိုးတို့၏အိမ်များတွင် နေထိုင်လျက်ရှိကြပါ၏။
3. ကျွန်တော်မျိုးတို့၏ဖခင်များသည်ရန်သူ၏ သတ်ဖြတ်မှုကိုခံရကြလျက်မိခင်များမှာမုဆိုးမများ ဖြစ်ရကြပါ၏။
4. ကျွန်တော်မျိုးတို့သည်မိမိတို့၏သောက်ရေအတွက် အဖိုးငွေပေးရကြပါ၏။ထင်းကိုလည်းဝယ်ယူရကြပါ၏။
5. ကျွန်တော်မျိုးတို့သည်မြည်းများ၊ ကုလားအုတ် များကဲ့သို့ နောက်မှအပြင်းမောင်းနှင်ခြင်းခံနေရကြပါ၏။မောပန်းပါသော်လည်းနားနေခွင့်မရကြပါ။
6. ကျွန်တော်မျိုးတို့သည်မိမိတို့အသက်ရှင်ရေးအတွက် အစားအစာအလုံအလောက်ရရှိနိုင်ရန်အာရှုရိပြည်နှင့်အီဂျစ်ပြည်သို့သွား၍ တောင်းရမ်းရကြပါ၏။
7. ကျွန်တော်မျိုးတို့၏ဘိုးဘေးများသည်အပြစ် ကူးပြီးနောက်သေလွန်သွားကြသဖြင့်ကျွန်တော်မျိုးတို့သည်သူတို့၏အပြစ်ဝန်ကို ထမ်းရကြပါ၏။
8. ကျွန်များနှင့်မခြားနားသူတို့၏အုပ်စိုး ခြင်းကို ကျွန်တော်မျိုးတို့ခံကြရသော်လည်းအဘယ်သူမျှကျွန်တော်မျိုးတို့အားထိုသူတို့၏ လက်မှမကယ်နိုင်ပါ။
9. ကျေးလက်များတွင်လူသတ်သမားတို့ လှည့်လည်သွားလာလျက်နေသဖြင့်ကျွန်တော်မျိုးတို့သည်အသက်စွန့်၍ အစားအစာရှာဖွေရကြပါ၏။
10. ဆာလောင်မွတ်သိပ်မှုကြောင့်အဖျားတက်သဖြင့်ကျွန်တော်မျိုးတို့၏အသားအရေသည် မုန့်ဖိုတမျှပူလောင်ပါ၏။