မြည်​တမ်း​စ​ကား 4:17-22 Common Language Bible (BCL)

17. ငါ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မ​ပေါ်​လာ​သည့် အ​ကူ​အ​ညီ​ကို​စောင့်​မျှော်​နေ​ခဲ့​ကြ​၏။ငါ​တို့​သည်​အ​ဘယ်​သို့​မျှ​အ​ကူ​အ​ညီ​မ​ပေး နိုင်​သည့်နိုင်​ငံ​မှ​အ​ကူ​အ​ညီ​ကို ဆက်​လက်​စောင့်​မျှော်​ခဲ့​ကြ​၏။

18. ရန်​သူ​များ​သည်​ငါ​တို့​အား​စောင့်​၍ကြည့်​နေ​ကြ​သ​ဖြင့်​ငါ​တို့​သည်လမ်း​များ​ပေါ်​၌​ပင်​လျှင်​မ​သွား​မ​လာ​ရဲ ကြ​ပါ။ငါ​တို့​၏​နေ့​ရက်​ကာ​လ​ကုန်​ဆုံး​ခဲ့​ပြီ။ နောက်​ဆုံး​အ​ချိန်​ရောက်​ခဲ့​ပြီ။

19. သူ​တို့​သည်​မိုး​ကောင်း​ကင်​မှ​ထိုး​ဆင်း​လာ​သည့်လင်း​ယုန်​ငှက်​များ​ကဲ့​သို့​ငါ​တို့​ကို​လိုက်​လံ ဖမ်း​ဆီး​ကြ​ပါ​၏။တောင်​ကုန်း​များ​တွင်​ငါ​တို့​ကို​လိုက်​၍​ရှာ​ဖွေ ကြ​ပါ​၏။သဲ​ကန္တာ​ရ​တွင်​အ​မှတ်​မ​ထင်​ဖမ်း​ဆီး​ကြ​ပါ​၏။

20. သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​သည့်​ဘု​ရင်ငါ​တို့​၏​အ​သက်​သ​ခင်​ရန်​သူ​အ​ပေါင်း​တို့​၏​ဘေး​မှကွယ်​ကာ​စောင့်​ရှောက်​ရန်​ငါ​တို့​ယုံ​ကြည်​ကိုး​စား​သည့် အ​ရှင်​ကို​ဖမ်း​ဆီး​ကြ​ပါ​၏။

21. ဧ​ဒုံ​ပြည်​နှင့်​ဥ​ဇ​ပြည်​သား​တို့​ရယ်​မော​၍ နေ​ကြ​လော့။သင်​တို့​ဝမ်း​မြောက်​နိုင်​သည့်​ကာ​လ​ဝမ်း​မြောက်​လျက် နေ​ကြ​လော့။သင်​တို့​ကြုံ​တွေ့​ရ​မည့်​ဘေး​အန္တရာယ်​သည်​လည်း သက်​ရောက်​လာ​လိမ့်​မည်။သင်​သည်​လည်း​အ​ဝတ်​မဲ့​လျက်​ဒ​ယိမ်း​ဒ​ယိုင်​နှင့် အ​ရှက်​ကွဲ​ရ​လိမ့်​မည်။

22. ဇိ​အုန်​မြို့​သည်​မိ​မိ​၏​အ​ပြစ်​ကြွေး​ကို​ပေး​ဆပ်​မှု ပြီး​ဆုံး​ပြီ။ကိုယ်​တော်​ရှင်​သည်​ငါ​တို့​အား​တစ်​ကျွန်း​တစ်​နိုင်​ငံ​တွင် ဆက်​လက်​ထား​ရှိ​တော့​မည်​မ​ဟုတ်။သို့​ရာ​တွင် အို ဧ​ဒုံ​ပြည်၊ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။သင်​၏​အ​ပြစ်​ကို​ဖော်​ပြ​တော်​မူ​လိမ့်​မည်။

မြည်​တမ်း​စ​ကား 4