11. ထာဝရဘုရားသည်ပြင်းထန်သောအမျက်တော်အရှိန်ကိုအစွမ်းကုန် လွှတ်တော်မူလေပြီ။ကိုယ်တော်သည်ဇိအုန်မြို့တွင်မီးမွှေး၍ထို မြို့ကို ပြာကျစေတော်မူပါ၏။
12. အရပ်တကာရှိလူတို့သည်လည်းကောင်းလူမျိုးခြားတို့၏ဘုရင်များသည်လည်းကောင်းအဘယ်ရန်သူမျှယေရုရှလင်မြို့တံခါးများကိုချင်းနင်းဝင်ရောက်နိုင်လိမ့် မည်ဟု မယုံကြ။
13. သို့ရာတွင်ယင်းသို့ချင်းနင်းဝင်ရောက်မှုကား ဖြစ်ပွားခဲ့ပြီ။ထိုမြို့၏ပရောဖက်များနှင့်ယဇ်ပုရောဟိတ် များသည်အပြစ်ကူးကြသဖြင့်အပြစ်မဲ့သူတို့သည် သေရကြလေပြီ။
14. မြို့၏ခေါင်းဆောင်တို့သည်အဘယ်သူမျှမတို့မထိချင်အောင်သွေးများပေကျံလျက်လမ်းများတွင်မျက်မမြင်များကဲ့သို့ လှည့်လည်သွားလာနေကြ၏။
15. လူတို့က``ထွက်သွားကြလော့၊သင်တို့သည် ညစ်ညမ်းလျက်ရှိ၏။ငါတို့ကိုမတို့မထိကြနှင့်'' ဟုအော်ဟစ် ပြောဆိုကြ၏။သို့ဖြစ်၍သူတို့သည်မိမိတို့အားလက်ခံ မည့်သူ မရှိဘဲတစ်နိုင်ငံမှတစ်နိုင်ငံသို့လှည့်လည် သွားလာရကြလေသည်။
16. ထာဝရဘုရားသည်သူတို့အားဂရုစိုက်တော်မမူတော့သဖြင့်ကိုယ်တော်တိုင် ကွဲလွင့်စေတော်မူပါ၏။ငါတို့၏ယဇ်ပုရောဟိတ်များနှင့်ခေါင်းဆောင်များကိုလည်းပမာဏပြုတော် မမူပါ။ မျက်နှာသာမပေးကြတော့ချေ။
17. ငါတို့သည်အဘယ်အခါ၌မျှမပေါ်လာသည့် အကူအညီကိုစောင့်မျှော်နေခဲ့ကြ၏။ငါတို့သည်အဘယ်သို့မျှအကူအညီမပေး နိုင်သည့်နိုင်ငံမှအကူအညီကို ဆက်လက်စောင့်မျှော်ခဲ့ကြ၏။
18. ရန်သူများသည်ငါတို့အားစောင့်၍ကြည့်နေကြသဖြင့်ငါတို့သည်လမ်းများပေါ်၌ပင်လျှင်မသွားမလာရဲ ကြပါ။ငါတို့၏နေ့ရက်ကာလကုန်ဆုံးခဲ့ပြီ။ နောက်ဆုံးအချိန်ရောက်ခဲ့ပြီ။
19. သူတို့သည်မိုးကောင်းကင်မှထိုးဆင်းလာသည့်လင်းယုန်ငှက်များကဲ့သို့ငါတို့ကိုလိုက်လံ ဖမ်းဆီးကြပါ၏။တောင်ကုန်းများတွင်ငါတို့ကိုလိုက်၍ရှာဖွေ ကြပါ၏။သဲကန္တာရတွင်အမှတ်မထင်ဖမ်းဆီးကြပါ၏။
20. သူတို့သည်ထာဝရဘုရားရွေးချယ်သည့်ဘုရင်ငါတို့၏အသက်သခင်ရန်သူအပေါင်းတို့၏ဘေးမှကွယ်ကာစောင့်ရှောက်ရန်ငါတို့ယုံကြည်ကိုးစားသည့် အရှင်ကိုဖမ်းဆီးကြပါ၏။