61. ``ကိုယ်တော်ရှင်သည်ထိုသူတို့ကျွန်တော်မျိုး အား စော်ကားကြသည်ကိုကြားတော်မူ၍သူတို့၏လျှို့ဝှက်သောအကြံအစည် မှန်သမျှကိုလည်းသိတော်မူပါ၏။
62. သူတို့သည်တစ်နေကုန်တစ်နေခန်း ကျွန်တော်မျိုး အကြောင်းကိုပြောဆိုလျက်မိမိတို့အကြံအစည်များကိုပြုလုပ်ကြပါ၏။
63. မိုးလင်းမှမိုးချုပ်တိုင်အောင်ကျွန်တော်မျိုးကို ပြက်ရယ်ပြုကြပါ၏။
64. ``အို ထာဝရဘုရားသူတို့အားမိမိတို့ပြုကျင့်ခဲ့သည့်အမှုများအတွက်ဒဏ် ခတ်တော်မူပါ။