54. မိမိ၏အပေါ်သို့ရေများဖုံးလွှမ်းလာသဖြင့်ကျွန်တော်မျိုးသည်သေရပေတော့အံ့ဟု ထင်မှတ်မိပါ၏။
55. ``အို ထာဝရဘုရားတွင်းထဲမှနေ၍ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားဟစ်ခေါ်ပါ၏။
56. ဤသို့ဟစ်ခေါ်သံကိုနားထောင်တော်မူရန်ကျွန်တော်မျိုးပန်ကြားလျှောက်ထားသောအခါ ကိုယ်တော်ရှင်ကြားတော်မူသည်ဖြစ်၍
57. ကျွန်တော်မျိုးအား`မကြောက်နှင့်' ဟုပြန်လည် ဖြေကြားတော်မူပါ၏။
58. အို ထာဝရဘုရားကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားကူမရန်ကြွလာတော်မူ၍ ကယ်တင်တော်မူပါ၏။
59. ကျွန်တော်မျိုးခံရသည့်မတရားမှုများကိုကိုယ်တော်ရှင်သိတော်မူပါ၏။ စီရင်ပေးတော်မူပါ။