48. ကျွန်တော်မျိုးတို့၏အမျိုးသားများဆုံးပါး ပျက်စီးမှုကြောင့်ကျွန်တော်မျိုး၏မျက်စိများမှမျက်ရည်တို့သည် မြစ်များသဖွယ်စီးဆင်း၍လာပါ၏။
49-50. ``ထာဝရဘုရားသည်ကောင်းကင်ဘုံမှငါ တို့အား ကြည့်တော်မူ၍မြင်တော်မူသည်တိုင်အောင်ငါ၏မျက်ရည်များသည်မရပ်မနားစီးလျက် နေပါလိမ့်မည်။
51. မိမိ၏မြို့မှအမျိုးသမီးများ၏အဖြစ်ဆိုး ကြောင့် ကျွန်တော်မျိုး၏စိတ်နှလုံးကြေကွဲ၍နေပါ၏။
52. ကျွန်တော်မျိုးကိုမုန်းရန်အကြောင်းမရှိပါ ဘဲလျက်ရန်သူများသည်ကျွန်တော်မျိုးအားငှက်သဖွယ် ကျော့ကွင်းထောင်ကြပါ၏။
53. သူတို့သည်ကျွန်တော်မျိုးအားအရှင်လတ်လတ်တွင်းထဲသို့ပစ်ချကာကျောက်တုံးနှင့် တွင်းဝကိုပိတ်ကြပါ၏။
54. မိမိ၏အပေါ်သို့ရေများဖုံးလွှမ်းလာသဖြင့်ကျွန်တော်မျိုးသည်သေရပေတော့အံ့ဟု ထင်မှတ်မိပါ၏။
55. ``အို ထာဝရဘုရားတွင်းထဲမှနေ၍ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားဟစ်ခေါ်ပါ၏။