မြည်​တမ်း​စ​ကား 3:33-41 Common Language Bible (BCL)

33. ကိုယ်​တော်​သည်​ငါ​တို့​အား​ဝမ်း​နည်း​ကြေ​ကွဲ​စေ​၍ ဝေ​ဒ​နာ​ခံ​စား​စေ​သော်​လည်း​နှစ်​မြို့​တော်​မ​မူ​ပါ။

34. ငါ​တို့​သည်​ထောင်​ထဲ​တွင်​အ​ကျဉ်း​ခံ​ရ​၍စိတ်​ကျိုး​ပဲ့​ကြေ​မွ​လျက်​ရှိ​သော​အ​ခါ ကိုယ်​တော်​သိ​တော်​မူ​ပါ​၏။

35. ကိုယ်​တော်​သည်​မိ​မိ​ပေး​ထား​သည့်​ရ​ပိုင်​ခွင့် များ​ကိုငါ​တို့​ဆုံး​ရှုံး​ရ​ကြ​သော​အ​ခါ​၌​လည်း သိ​တော်​မူ​ပါ​၏။

36. ရုံး​တော်​တွင်​တ​ရား​စီ​ရင်​မှု​ဖောက်​လွဲ​ဖောက် ပြန် ဖြစ်​သော​အ​ခါ​လည်းကိုယ်​တော်​သိ​တော်​မူ​ပါ​၏။

37. ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​အ​ရ​သာ​လျှင် အ​ကောင်​အ​ထည်​ဖော်​ရ​ပါ​၏။

38. အ​ကောင်း​နှင့်​အ​ဆိုး​သည်​ကိုယ်​တော်​၏ အ​မိန့်​တော်​အ​ရ​ဖြစ်​ပျက်​ရ​ပါ​၏။

39. ငါ​တို့​သည်​မိ​မိ​တို့​အ​ပြစ်​အ​တွက် ဒဏ်​ခတ်​ခြင်း​ခံ​ရ​ကြ​သော​အ​ခါအ​ဘယ်​ကြောင့်​ညည်း​တွား​ရ​ကြ​ပါ​မည်​နည်း။

40. ငါ​တို့​သည်​မိ​မိ​တို့​လမ်း​စဉ်​ကို​စစ်​ဆေး​ကာ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​ကြ ကုန်​အံ့။

41. ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင် အားငါ​တို့​စိတ်​နှ​လုံး​ကို​ဖွင့်​လျက် အောက်​ပါ​ပတ္ထ​နာ​ကို​ပြု​ကြ​ကုန်​အံ့။

မြည်​တမ်း​စ​ကား 3