မြည်​တမ်း​စ​ကား 3:29-34 Common Language Bible (BCL)

29. မျှော်​လင့်​ဖွယ်​ရှိ​ကောင်း​ရှိ​ဦး​မည်​ဖြစ်​၍​ငါ​တို့​သည် ဝန်​ခံ​လျက်​မြေ​သို့​ခေါင်း​ငုံ့​သင့်​ကြ​၏။

30. ရိုက်​နှက်​စော်​ကား​မှု​ကို​ခံ​ရ​သော်​လည်း နား​လည်​လက်​ခံ​သင့်​ကြ​၏။

31. ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​တတ်​သော ကြောင့် ငါ​တို့​အား​ထာ​ဝ​စဉ်​ပင်​ပစ်​ပယ်​တော်​မူ​လိမ့် မည်​မ​ဟုတ်။

32. ကိုယ်​တော်​သည်​ငါ​တို့​အား​ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ကို ပေး​သော်​လည်းငါ​တို့​အ​ပေါ်​၌​ကိုယ်​တော်​ထား​ရှိ​တော်​မူ​သောသ​နား​ညှာ​တာ​မှု​နှင့်​မေတ္တာ​တော်​ကား ကြီး​မား​တော်​မူ​ပါ​ပေ​သည်။

33. ကိုယ်​တော်​သည်​ငါ​တို့​အား​ဝမ်း​နည်း​ကြေ​ကွဲ​စေ​၍ ဝေ​ဒ​နာ​ခံ​စား​စေ​သော်​လည်း​နှစ်​မြို့​တော်​မ​မူ​ပါ။

34. ငါ​တို့​သည်​ထောင်​ထဲ​တွင်​အ​ကျဉ်း​ခံ​ရ​၍စိတ်​ကျိုး​ပဲ့​ကြေ​မွ​လျက်​ရှိ​သော​အ​ခါ ကိုယ်​တော်​သိ​တော်​မူ​ပါ​၏။

မြည်​တမ်း​စ​ကား 3