17. ငါသည်ကျန်းမာပျော်ရွှင်မှုနှင့်ငြိမ်းချမ်း သာယာမှုကိုမေ့ပျောက်၍သွားလေပြီ။
18. ငါသည်ကြာကြာအသက်ရှင်ရတော့မည် မဟုတ်ပါ။ထာဝရဘုရားထံတော်မှငါမျှော်လင့်စရာလည်း မရှိတော့ပါ။
19. ငါခံရသည့်ဝေဒနာနှင့်ငါအိုးမဲ့အိမ်မဲ့ ဖြစ်ရမှုကို စဉ်းစားဆင်ခြင်ရသည်မှာဆိုးရွားသည့်အဆိပ်ကိုမျိုရသည်နှင့် တူတော့၏။
20. ယင်းသို့အခါတလဲလဲဆင်ခြင်၍ ငါ၏စိတ်ကိုညှိုးငယ်စေပါ၏။
21. သို့ရာတွင်မျှော်လင့်ချက်ကိုပြန်လည်ရရှိစေသည့် အချက်မှာအောက်ပါတို့ကိုသတိရခြင်းဖြစ်သည်။
22-23. ထာဝရဘုရား၏မကုန်ဆုံးနိုင်သောမေတ္တာ တော်နှင့် ကရုဏာတော်သည်မိုးသောက်ချိန်ကဲ့သို့လန်းဆန်းလျက်၊ နေထွက်ချိန် ကဲ့သို့ဧကန်မုချတည်မြဲ၍နေတော်မူသေးသည်။
24. ထာဝရဘုရားသည်ငါ့အဖို့ဖြစ်သဖြင့် ငါသည်ကိုယ်တော်ကိုမျှော်ကိုးပါ၏။
25. ထာဝရဘုရားသည်မိမိအားယုံကြည်ကိုးစား သူမှန်သမျှကိုကျေးဇူးပြုတော်မူတတ်၏။
26. သို့ဖြစ်၍ငါတို့ကိုကယ်တော်မူရန်ကိုယ်တော်အားသည်းခံစောင့်မျှော်နေခြင်းသည်ငါတို့အဖို့ အကောင်းဆုံးပင်ဖြစ်ပါ၏။
27. ယင်းသို့သည်းခံစောင့်မျှော်မှုကိုအသက်ပျိုရွယ်စဉ်အခါကလေ့ကျက် ခြင်းသည် အကောင်းဆုံးပင်ဖြစ်ပါ၏။
28. ငါတို့ဒုက္ခရောက်ချိန်၌သည်းခံလျက် တိတ်ဆိတ်စွာတစ်ကိုယ်တည်းထိုင်နေရကြမည်။
29. မျှော်လင့်ဖွယ်ရှိကောင်းရှိဦးမည်ဖြစ်၍ငါတို့သည် ဝန်ခံလျက်မြေသို့ခေါင်းငုံ့သင့်ကြ၏။