12. ကိုယ်တော်သည်လေးတော်ကိုတင်၍ငါ့အား ပစ်မှတ်အဖြစ်အသုံးပြုတော်မူပါ၏။
13. ကိုယ်တော်သည်မြားတော်တို့ကိုငါ၏ ကိုယ်ခန္ဓာအတွင်းသို့ပစ်လွှတ်တော်မူပါ၏။
14. လူတို့သည်တစ်နေကုန်တစ်နေခန်းငါ့ကို ပြက်ရယ်ပြုကြပါ၏။ငါသည်လူများအတွက်ရယ်စရာဖြစ်၍ နေတော့၏။
15. ကိုယ်တော်သည်ငါ့အားပြင်းထန်သောဝေဒနာကိုအစာရေစာအဖြစ်တိုက်ကျွေး တော်မူပါ၏။
16. ကိုယ်တော်သည်ငါ၏မျက်နှာကိုမြေပြင်နှင့် ပွတ်တိုက်တော်မူ၍ငါ၏သွားတို့ကိုကျောက်ပေါ်တွင်ချိုးတော်မူပါ၏။
17. ငါသည်ကျန်းမာပျော်ရွှင်မှုနှင့်ငြိမ်းချမ်း သာယာမှုကိုမေ့ပျောက်၍သွားလေပြီ။
18. ငါသည်ကြာကြာအသက်ရှင်ရတော့မည် မဟုတ်ပါ။ထာဝရဘုရားထံတော်မှငါမျှော်လင့်စရာလည်း မရှိတော့ပါ။
19. ငါခံရသည့်ဝေဒနာနှင့်ငါအိုးမဲ့အိမ်မဲ့ ဖြစ်ရမှုကို စဉ်းစားဆင်ခြင်ရသည်မှာဆိုးရွားသည့်အဆိပ်ကိုမျိုရသည်နှင့် တူတော့၏။
20. ယင်းသို့အခါတလဲလဲဆင်ခြင်၍ ငါ၏စိတ်ကိုညှိုးငယ်စေပါ၏။
21. သို့ရာတွင်မျှော်လင့်ချက်ကိုပြန်လည်ရရှိစေသည့် အချက်မှာအောက်ပါတို့ကိုသတိရခြင်းဖြစ်သည်။