1. ငါသည်ဘုရားသခင်၏အပြစ်ဒဏ်ခတ်ခြင်း ဆိုသည်မှာ ဘယ်သို့ဖြစ်သည်ကိုသိရသောသူဖြစ်ပါ၏။
2. ကိုယ်တော်သည်ငါ့ကိုပို၍ပို၍မှောင်မိုက်သော နေရာထဲသို့ရောက်ရှိစေတော်မူလျက်၊
3. သနားကရုဏာကင်းမဲ့စွာအကြိမ်ကြိမ် အဖန်ဖန်ရိုက်နှက်တော်မူပါ၏။
4. ကိုယ်တော်သည်ငါ၏အသားကိုကွဲပြဲစေကာ အရိုးတို့ကိုချိုး၍ထားတော်မူပါ၏။
5. ငါ့အားစိတ်ဆင်းရဲမှုပူဆွေးဒုက္ခရောက်မှုတို့ဖြင့် ချုပ်နှောင်ထားတော်မူပါ၏။
6. ကိုယ်တော်သည်ငါ့ကိုကြာရှည်စွာဒုက္ခ မှောင်မိုက်တွင်နေစေတော်မူပါ၏။
7. ငါ့ကိုသံကြိုးများနှင့်ချည်နှောင်ထားတော်မူ ပါ၏။ငါသည်အကျဉ်းသားဖြစ်၍ ငါလွတ်မြောက်ရန်လမ်းမရှိ။
8. ကူမတော်မူရန်ငါဟစ်အော်ပါသော်လည်းဘုရားသခင်သည်နားထောင်တော်မမူ။
9. ငါသည်လမ်းလျှောက်သောအခါ ယိမ်းယိုင်လျက်နေပါ၏။ငါလှည့်လိုက်သည့်အခါတိုင်း၌ ကျောက်နံရံများပိတ်လျက်ရှိပါ၏။
10. ကိုယ်တော်သည်ဝက်ဝံသဖွယ်ငါ့အားချောင်း မြောင်းကာ ခြင်္သေ့ကဲ့သို့ခုန်အုပ်တော်မူပါ၏။
11. လမ်းနံဘေးတွင်ငါ့ကိုလိုက်လံဖမ်းဆီးပြီးလျှင် အပိုင်းပိုင်းဆွဲဖြတ်ကာစွန့်ပစ်ထားတော်မူပါ၏။
12. ကိုယ်တော်သည်လေးတော်ကိုတင်၍ငါ့အား ပစ်မှတ်အဖြစ်အသုံးပြုတော်မူပါ၏။