မြည်​တမ်း​စ​ကား 2:17-22 Common Language Bible (BCL)

17. နောက်​ဆုံး​၌​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ ကြုံး​ဝါး​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ပြု​တော် မူ​လေ​ပြီ။ကိုယ်​တော်​သည်​ရှေး​ကာ​လသ​တိ​ပေး​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ငါ​တို့​အားသ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ​သုတ်​သင်​ဖျက်​ဆီး တော်​မူ​လေ​ပြီ။ကိုယ်​တော်​သည်​ငါ​တို့​ရန်​သူ​များ​အား အောင်​ပွဲ​ကို​ပေး​တော်​မူ​၍ငါ​တို့​ပြို​လဲ​မှု​အ​တွက်​ဝမ်း​မြောက်​စေ​တော်​မူ​ပါ​၏။

18. အို ယေ​ရု​ရှ​လင်​မြို့၊ သင်​၏​မြို့​ရိုး​တို့​ကိုထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ အော်​ဟစ်​စေ​ပါ​လော့။မြစ်​များ​သ​ဖွယ်​သင်​၏​မျက်​ရည်​များ​ကို နေ့​ရော​ည​ပါ​စီး​ဆင်း​စေ​ပါ​လော့။သင်​သည်​ငို​ကြွေး​မှု​ဝမ်း​နည်း​ကြေ​ကွဲ​မှု တို့​ဖြင့် မိ​မိ​ကိုယ်​ကို​နွမ်း​နယ်​စေ​ပါ​လော့။

19. တစ်​ည​လုံး​အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန်​ထ​၍ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​အော်​ဟစ်​လော့။ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​သင်​၏​စိတ်​နှ​လုံး​ကို သွန်​ချ​လျက်၊ သင်​၏​သား​သ​မီး​များ​အ​တွက် အ​သ​နား​ခံ​တောင်း​ပန်​လော့။သင့်​သား​သ​မီး​များ​လမ်း​ဆုံ​လမ်း​ခွ​တိုင်း​တွင် အ​စာ​ငတ်​၍​သေ​ရ​ကြ​လေ​ပြီ။

20. အို ထာ​ဝ​ရ​ဘု​ရား​ကြည့်​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အားအ​ဘယ်​ကြောင့်​ဤ​မျှ​ဒဏ်​ခတ်​တော်​မူ​သ​နည်း။အ​မျိုး​သ​မီး​တို့​သည်​မိ​မိ​တို့​ချစ်​မြတ်​နိုး​သည့် သား​သ​မီး​များ​၏​အ​သား​ကို​စား​နေ​ကြ​ပါ​၏။ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ပ​ရော​ဖက်​များ​သည်​လည်းဗိ​မာန်​တော်​အ​တွင်း​၌​ပင် အ​သတ်​ခံ​လျက်​နေ​ရ​ကြ​ပါ​၏။

21. လူ​ကြီး​လူ​ငယ်​တို့​သည်​လမ်း​များ​ပေါ်​တွင် လဲ​၍​သေ​ရ​ကြ​ပါ​၏။ပျို​ရွယ်​သူ​အ​မျိုး​သား​အ​မျိုး​သ​မီး​များ​သည် ရန်​သူ​၏​ဋ္ဌား​ဘေး​သင့်​၍​သေ​ရ​ကြ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​အ​မျက်​ထွက်​တော်​မူ​သော​နေ့​၌ သ​နား​ညှာ​တာ​ခြင်း​မ​ရှိ​ဘဲသူ​တို့​ကို​ကွပ်​မျက်​တော်​မူ​ပါ​၏။

22. ကိုယ်​တော်​ရှင်​သည်​ရန်​သူ​များ​ကို​ကျွန်​တော်​မျိုး​၏ပတ်​လည်​တွင်​ကြောက်​မက်​ဖွယ်​သော​ပျော်​ပွဲ​သ​ဘင် ဆင်​ယင်​ရန်​ဖိတ်​ခေါ်​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​အ​မျက်​ထွက်​တော်​မူ​ရာထို​နေ့​ရက်​ကာ​လ​၌​အ​ဘယ်​သူ​မျှ​ချမ်း​သာ​ရာ ရ​လိမ့်​မည်​မဟုတ်​ပါ။သူ​တို့​သည်​ကျွန်​တော်​မျိုး​ချစ်​မြတ်​နိုး​၍ကျွေး​မွေး​ပြု​စု​ခဲ့​သည့်​သား​သ​မီး​များ​ကို သတ်​ဖြတ်​ကြ​ပါ​၏။

မြည်​တမ်း​စ​ကား 2