17. သူတို့သည်မြွေကဲ့သို့ဖုတ်ထဲတွင်တွားသွား ကြလိမ့်မည်။ သူတို့သည်မိမိတို့၏ခံတပ် များထဲမှကြောက်ရွံ့တုန်လှုပ်စွာထွက်လာ၍ ငါတို့၏ဘုရားသခင်ထာဝရဘုရားထံ သို့ချဉ်းကပ်ကိုးကွယ်ကြလိမ့်မည်။
18. အို ထာဝရဘုရား၊ ကိုယ်တော်နှင့်နှိုင်းယှဉ် အပ်သောအခြားဘုရားမရှိပါ။ ကိုယ်တော် သည်အသက်ရှင်ကျန်ရစ်သော ကိုယ်တော်၏ လူမျိုးတော်၏ပုန်ကန်သည့်အပြစ်များကို လွှတ်တော်မူပါ၏။ ကိုယ်တော်သည်အစဉ် အမြဲအမျက်ထွက်တော်မမူပါ။ ကိုယ်တော် သည်အကျွန်ုပ်တို့အားမေတ္တာကရုဏာထား တော်မူပါ၏။-
19. ကိုယ်တော်သည်အကျွန်ုပ်တို့အားသနား ကြင်နာတော်မူဦးမည်။ ကိုယ်တော်သည် အကျွန်ုပ်တို့၏အပြစ်များကိုနင်းချေ၍ ပင်လယ်အောက်သို့ပစ်ချတော်မူမည်။-
20. ကိုယ်တော်သည်ရှေးအခါကအကျွန်ုပ်တို့ ၏ဘိုးဘေးတို့အား ကတိထားရှိခဲ့သည့် အတိုင်းအာဗြဟံနှင့်ယာကုပ်တို့၏အ ဆက်အနွယ်များဖြစ်သော ကိုယ်တော်၏ လူမျိုးတော်အားသစ္စာတော်၊ ကရုဏာတော် နှင့်အညီကျေးဇူးပြုတော်မူလိမ့်မည်။ ပရောဖက်မိက္ခာစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။