မိက္ခာ 7:12-16 Common Language Bible (BCL)

12. သင်​တို့​၏​လူ​မျိုး​တော်​သည်​အ​ရှေ့​ဘက် အာ​ရှု​ရိ​ပြည်​မှ​လည်း​ကောင်း၊ တောင်​ဘက် အီ​ဂျစ်​ပြည်​မှ​လည်း​ကောင်း၊ ဥ​ဖ​ရတ်​မြစ် ဝှမ်း​ဒေ​သ​မှ​လည်း​ကောင်း၊ ဝေး​လံ​သော ပင်​လယ်​များ​နှင့်​တောင်​များ​မှ​လည်း​ကောင်း သင်​တို့​ထံ​သို့​ပြန်​လာ​ကြ​လိမ့်​မည်။-

13. သို့​ရာ​တွင်​ထို​ပြည်​သူ​ပြည်​သား​တို့​၏ အ​ပြစ်​ဒု​စ​ရိုက်​ကြောင့် သူ​တို့​နေ​ထိုင်​ရာ အ​ရပ်​များ​သည်​ပျက်​သုဉ်း​ရ​ကြ​လိမ့်​မည်။

14. အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရွေး​ကောက်​သော လူ​မျိုး​တော်​အား​သိုး​ထိန်း​သ​ဖွယ်​စောင့်​ရှောက် တော်​မူ​ပါ။ သူ​တို့​အား​ရှေး​အ​ခါ​က​မြက်​ပေါ များ​ရာ ဗာ​ရှန်​ပြည်​နှင့်​ဂိ​လဒ်​ပြည်​များ​တွင် ကျက်​စား​စေ​သ​ကဲ့​သို့​ယ​ခု​လည်း​ပြည် တော်​တွင်​နေ​ထိုင်​စေ​တော်​မူ​ပါ။

15. အ​ကျွန်ုပ်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​စဉ်​က ကိုယ်​တော်​ပြ​ခဲ့​သော​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခဏာ​များ​ကို​ပြ​တော်​မူ​ပါ။-

16. နိုင်​ငံ​တ​ကာ​တို့​သည်​အင်​အား​ကြီး​သော် လည်း ထို​အ​မှု​အ​ရာ​များ​ကို​မြင်​၍​ကြောက် ရွံ့​ထိတ်​လန့်​ကြ​သ​ဖြင့် မိ​မိ​တို့​၏​ပါး​စပ် နှင့်​နား​များ​ကို​ပိတ်​ထား​ကြ​လိမ့်​မည်။-

မိက္ခာ 7