မိက္ခာ 5:6-15 Common Language Bible (BCL)

6. သူ​တို့​သည်​လက်​နက်​အင်​အား​ဖြင့်​အာ​ရှု​ရိ ပြည်၊ နိမ်​ရော​ဋ္ဌ​ပြည်​ကို​တိုက်​ခိုက်​အောင်​မြင် ကြ​လိမ့်​မည်။ အာ​ရှု​ရိ​အ​မျိုး​သား​များ​က ငါ​တို့​၏​နယ်​မြေ​ကို​ဝင်​ရောက်​တိုက်​ခိုက်​သော အ​ခါ ထို​ခေါင်း​ဆောင်​များ​သည်​ငါ​တို့ အား​ရန်​သူ​၏​လက်​မှ​ကယ်​တင်​လိမ့်​မည်။

7. အ​သက်​မ​သေ​ဘဲ​ကျန်​ရစ်​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကျ​စေ တော်​မူ​သော​နှင်း​ကဲ့​သို့​နိုင်​ငံ​များ​စွာ​အား လန်း​ဆန်း​စေ​လိမ့်​မည်။ အ​ပင်​များ​ပေါ်​သို့ ရွာ​သွန်း​သော​မိုး​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ ယင်း တို့​သည်​လူ​တို့​၏​အ​မိန့်​ကို​မ​နာ​ခံ၊ ဘု​ရား​သ​ခင်​၏​အ​မိန့်​ကို​သာ​နာ​ခံ​ကြ​၏။-

8. တော​သား​ရဲ​များ​ထဲ​သို့​ရောက်​ရှိ​နေ​သော ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ သိုး​အုပ်​ထဲ​သို့​ရောက် ရှိ​နေ​သော​ခြင်္သေ့​ပျို​ကဲ့​သို့​လည်း​ကောင်း အ​သက် မ​သေ​ဘဲ​ကျန်​ရစ်​ခဲ့​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​အ​ခြား​လူ​မျိုး​များ​ထဲ​တွင် ရောက်​ရှိ​နေ​လိမ့်​မည်။ ခြင်္သေ့​သည်​သိုး​အုပ်​ထဲ သို့​ဝင်​၍ သိုး​များ​ကို​အုပ်​ဖမ်း​လျက်​အ​ပိုင်း ပိုင်း​ကိုက်​ဖြတ်​မည်​ဖြစ်​ရာ၊ မည်​သူ​က​မျှ ကယ်​နိုင်​မည်​မ​ဟုတ်။-

9. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရန်​သူ များ​ကို တိုက်​ခိုက်​ချေ​မှုန်း​ကြ​လိမ့်​မည်။

10. ထာ​ဝ​ရ​ဘု​ရား​က``ထို​အ​ချိန်​တွင်​ငါ​သည် သင်​တို့​၏​မြင်း​များ​ကို​ဖယ်​ရှား​၍ သင်​တို့​၏ စစ်​ရ​ထား​များ​ကို​ဖျက်​ဆီး​မည်။-

11. ငါ​သည်​သင်​တို့​ပြည်​တွင်​ရှိ​သော​မြို့​များ ကို​ဖျက်​ဆီး​၍ သင်​တို့​၏​ခံ​တပ်​များ​ကို ဖြို​ဖျက်​မည်။-

12. ငါ​သည်​သင်​တို့​ဆောင်​ထား​သော​အင်း​အိုင် လက်​ဖွဲ့​များ​ကို​ဖျက်​ဆီး​သ​ဖြင့် သင်​တို့​တွင် ဗေ​ဒင်​ဟော​သူ​မ​ရှိ​စေ​ရ။-

13. ငါ​သည်​သင်​တို့​ဝတ်​ပြု​သော​ရုပ်​တု​များ​နှင့် ကိုး​ကွယ်​ရာ​ကျောက်​တိုင်​များ​ကို​ဖျက်​ဆီး မည်။ နောက်​တစ်​ဖန်​သင်​တို့​သည်​သင်​တို့​လက် ဖြင့်​လုပ်​သော​အ​ရာ​များ​ကို​မ​ကိုး​ကွယ်​ရ။-

14. ငါ​သည်​သင်​တို့​ပြည်​တွင်​ရှိ​သော အာ​ရှ​ရ နတ်​သ​မီး​တံ​ခွန်​တိုင်​များ​နှင့် ရုပ်​တု​များ ကို​ဖျက်​ဆီး​ပစ်​မည်။-

15. ငါ​၏​အ​မိန့်​ကို​မ​နာ​ခံ​သော​အ​ခြား​နိုင်ငံ များ​ကို ပြင်း​စွာ​အ​မျက်​ထွက်​၍​ငါ​ဒဏ် စီ​ရင်​မည်'' ဟု​မိန့်​တော်​မူ​၏။

မိက္ခာ 5