မိက္ခာ 5:11-14 Common Language Bible (BCL)

11. ငါ​သည်​သင်​တို့​ပြည်​တွင်​ရှိ​သော​မြို့​များ ကို​ဖျက်​ဆီး​၍ သင်​တို့​၏​ခံ​တပ်​များ​ကို ဖြို​ဖျက်​မည်။-

12. ငါ​သည်​သင်​တို့​ဆောင်​ထား​သော​အင်း​အိုင် လက်​ဖွဲ့​များ​ကို​ဖျက်​ဆီး​သ​ဖြင့် သင်​တို့​တွင် ဗေ​ဒင်​ဟော​သူ​မ​ရှိ​စေ​ရ။-

13. ငါ​သည်​သင်​တို့​ဝတ်​ပြု​သော​ရုပ်​တု​များ​နှင့် ကိုး​ကွယ်​ရာ​ကျောက်​တိုင်​များ​ကို​ဖျက်​ဆီး မည်။ နောက်​တစ်​ဖန်​သင်​တို့​သည်​သင်​တို့​လက် ဖြင့်​လုပ်​သော​အ​ရာ​များ​ကို​မ​ကိုး​ကွယ်​ရ။-

14. ငါ​သည်​သင်​တို့​ပြည်​တွင်​ရှိ​သော အာ​ရှ​ရ နတ်​သ​မီး​တံ​ခွန်​တိုင်​များ​နှင့် ရုပ်​တု​များ ကို​ဖျက်​ဆီး​ပစ်​မည်။-

မိက္ခာ 5