10. ထာဝရဘုရားက``ထိုအချိန်တွင်ငါသည် သင်တို့၏မြင်းများကိုဖယ်ရှား၍ သင်တို့၏ စစ်ရထားများကိုဖျက်ဆီးမည်။-
11. ငါသည်သင်တို့ပြည်တွင်ရှိသောမြို့များ ကိုဖျက်ဆီး၍ သင်တို့၏ခံတပ်များကို ဖြိုဖျက်မည်။-
12. ငါသည်သင်တို့ဆောင်ထားသောအင်းအိုင် လက်ဖွဲ့များကိုဖျက်ဆီးသဖြင့် သင်တို့တွင် ဗေဒင်ဟောသူမရှိစေရ။-
13. ငါသည်သင်တို့ဝတ်ပြုသောရုပ်တုများနှင့် ကိုးကွယ်ရာကျောက်တိုင်များကိုဖျက်ဆီး မည်။ နောက်တစ်ဖန်သင်တို့သည်သင်တို့လက် ဖြင့်လုပ်သောအရာများကိုမကိုးကွယ်ရ။-
14. ငါသည်သင်တို့ပြည်တွင်ရှိသော အာရှရ နတ်သမီးတံခွန်တိုင်များနှင့် ရုပ်တုများ ကိုဖျက်ဆီးပစ်မည်။-
15. ငါ၏အမိန့်ကိုမနာခံသောအခြားနိုင်ငံ များကို ပြင်းစွာအမျက်ထွက်၍ငါဒဏ် စီရင်မည်'' ဟုမိန့်တော်မူ၏။