1. ``ယေရုရှလင်မြို့သားတို့၊ သင်တို့၏တပ်များ ကိုစုရုံးစေကြလော့၊ ငါတို့ကိုရန်သူများ ဝိုင်းထားကြပြီ။ သူတို့သည်ဣသရေလ အမျိုးသားတို့၏ခေါင်းဆောင်များကို သုတ်သင်ပယ်ရှင်းပစ်ရန်ကြိုးစားကြ၏။
2. ထာဝရဘုရားက``ဧဖရတ်ခရိုင်၊ ဗက်လင် မြို့၊ သင်သည်ယုဒပြည်တွင်သိမ်ငယ်သော မြို့တစ်မြို့ဖြစ်သော်လည်း ရှေးမင်းဆက်ထဲ မှဣသရေလအမျိုးသားတို့ကိုအုပ်စိုး မည့်ဘုရင်တစ်ပါးကိုငါပေါ်ထွန်းစေ မည်'' ဟုမိန့်တော်မူ၏။
3. သို့ဖြစ်၍မိခင်သားဖွားသည့်အချိန်တိုင် အောင် ထာဝရဘုရားသည်မိမိ၏လူမျိုး တော်ကို ရန်သူတို့၏လက်တွင်း၌စွန့်ပစ် ထားတော်မူလိမ့်မည်။ ထိုနောက်ပြည်နှင် ဒဏ်သင့်သူတို့သည် မိမိတို့၏သားချင်း တို့နှင့်ပြန်လည်ပေါင်းစည်းရကြလိမ့် မည်။-
4. ထိုဘုရင်ကြွလာသောအခါသူသည် ထာဝရ ဘုရားထံတော်မှရသောအစွမ်းသတ္တိနှင့် လည်းကောင်း၊ သူ၏ဘုရားသခင်ထာဝရ ဘုရား၏ဘုန်းတန်ခိုးတော်နှင့်လည်းကောင်း မိမိ၏လူစုကိုအုပ်စိုးလိမ့်မည်။ ကမ္ဘာတစ် ဝှမ်းလုံးတွင်ရှိသောလူအပေါင်းတို့သည် သူ ၏ကြီးမြတ်တော်မူခြင်းကိုဝန်ခံကြ သဖြင့် သူ၏လူမျိုးတော်သည်လုံခြုံစွာ နေထိုင်ရကြလိမ့်မည်။-
5. တိုင်းပြည်သည်လည်းငြိမ်းချမ်းသာယာ လိမ့်မည်။အာရှုရိအမျိုးသားတို့သည်ငါတို့၏နိုင်ငံ ကိုတိုက်ခိုက်၍ ငါတို့၏ခံတပ်များကိုချိုး ဖောက်ဝင်ရောက်ကြသောအခါ၊ ငါတို့တွင် ခွန်အားကြီးသောခေါင်းဆောင်များကိုစေ လွှတ်၍ ရန်သူတို့ကိုခုခံတိုက်ခိုက်မည်။-
6. သူတို့သည်လက်နက်အင်အားဖြင့်အာရှုရိ ပြည်၊ နိမ်ရောဋ္ဌပြည်ကိုတိုက်ခိုက်အောင်မြင် ကြလိမ့်မည်။ အာရှုရိအမျိုးသားများက ငါတို့၏နယ်မြေကိုဝင်ရောက်တိုက်ခိုက်သော အခါ ထိုခေါင်းဆောင်များသည်ငါတို့ အားရန်သူ၏လက်မှကယ်တင်လိမ့်မည်။