1. နောင်ကာလတွင်ဗိမာန်တော်တည်ရာတောင်သည် အမြင့်ဆုံးတောင်ဖြစ်လိမ့်မည်။ရှိသမျှသောတောင်တို့ထက်ပိုမို၍မြင့်မား လိမ့်မည်။လူမျိုးများစွာတို့သည်ထိုတောင်သို့စုရုံး ရောက်ရှိလာ၍၊
2. ``ဣသရေလအမျိုးသားတို့၊ဘုရားသခင်၏ဗိမာန်တော်တည်ရှိရာထာဝရဘုရား၏ တောင်ပေါ်သို့ တက်ကြကုန်အံ့။ကိုယ်တော်သည်ငါတို့အားအလိုတော်နှင့် အညီ ကျင့်ကြံပြုမူရန်သွန်သင်တော်မူမည်။ကိုယ်တော်ညွှန်ပြသောလမ်းအတိုင်း လျှောက်သွားကြမည်။ထာဝရဘုရား၏တရားတော်သည်ဇိအုန်တောင်မှလည်းကောင်းထာဝရဘုရား၏နှုတ်ကပတ်တော်သည်ယေရုရှလင်မြို့မှ လည်းကောင်း ထွက်ပေါ်လာသတည်း'' ဟုဆိုကြ၏။
3. ရပ်ဝေးရပ်နီးမှအင်အားကြီးသောနိုင်ငံ များ၏အငြင်းပွားမှုများကိုအဆုံးအဖြတ်ပေး တော်မူမည်။သူတို့သည်မိမိတို့၏ဋ္ဌားသွားများကိုထွန်သွား အဖြစ်သို့လည်းကောင်း၊လှံများကိုတံစဉ်များအဖြစ်သို့ထုလုပ် ကြလိမ့်မည်။နိုင်ငံအချင်းချင်းနောက်တစ်ဖန်စစ်တိုက် ကြတော့မည်မဟုတ်။စစ်တိုက်ရန်ပြင်ဆင်မှုကိုလည်းနောက်တစ်ဖန် ပြုလုပ်ကြတော့မည်မဟုတ်။
4. လူတိုင်းပင်မိမိတို့၏စပျစ်ဥယျာဉ်၊မိမိတို့၏ သဖန်းခြံထဲ၌မကြောက်လန့်ရဘဲ၊အေးချမ်းသာယာစွာနေထိုင်ရလိမ့်မည်။ဤကားအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်မြွက်တော်မူသောကတိတော်ဖြစ်သတည်း။
5. လူမျိုးအသီးသီးတို့သည်မိမိတို့၏ဘုရား များကိုကိုးကွယ်နာခံကြမည်ဖြစ်သော်လည်း ငါတို့မူကားငါတို့၏ဘုရားသခင်ထာဝရ ဘုရားကို ကာလအစဉ်အဆက်ကိုးကွယ် နာခံမည်။