မိက္ခာ 3:1-7 Common Language Bible (BCL)

1. ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့၊ နား​ထောင်​ကြ​လော့။ သင်​တို့​သည်​တ​ရား သ​ဖြင့်​စီ​ရင်​ရ​သူ​များ​ဖြစ်​သော်​လည်း၊-

2. ကောင်း​သော​အ​ကျင့်​ကို​မုန်း​၍​မ​ကောင်း​သော အ​ကျင့်​ကို​နှစ်​သက်​ကြ​၏။ သင်​တို့​သည်​ငါ​၏ လူ​မျိုး​တော်​တို့​ကို​အ​ရှင်​လတ်​လတ်​အ​ရေ ဆုတ်​၍​အ​ရိုး​မှ​အ​သား​ကို​ခွာ​ယူ​ကြ​၏။-

3. သင်​တို့​သည်​ငါ့​လူ​မျိုး​တော်​၏​အ​သား​ကို စား​ကြ​၏။ သူ​တို့​၏​အ​ရေ​ကို​ခွာ​၍​အ​ရိုး များ​ကို​ချိုး​လျက်​အ​မဲ​ဟင်း​လျာ​သ​ဖွယ် ဋ္ဌား​ဖြင့်​စဉ်း​ကြ​၏။-

4. သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ် တောင်း​လျှောက်​ရ​သော​အ​ချိန်​ရောက်​လာ​လိမ့် မည်။ ထို​အ​ခါ​ကိုယ်​တော်​သည်​သင်​တို့​ကို နား​ညောင်း​တော်​မူ​မည်​မ​ဟုတ်။ သင်​တို့​သည် မ​ကောင်း​မှု​ကို​ပြု​သော​ကြောင့်​ကိုယ်​တော်​သည် သင်​တို့​၏​တောင်း​လျှောက်​သံ​ကို​နား​ညောင်း တော်​မူ​မည်​မ​ဟုတ်။

5. ငွေ​ပေး​နိုင်​သူ​တို့​အား​ငြိမ်း​ချမ်း​သာ​ယာ မည်​ဟူ​၍​လည်း​ကောင်း၊ ငွေ​မ​ပေး​နိုင်​သူ​တို့ အား​စစ်​ဘေး​ရောက်​မည်​ဟူ​၍​လည်း​ကောင်း ဟော​တတ်​သော​ပ​ရော​ဖက်​တို့​၏​လှည့်​စား ခြင်း​ကို​ငါ​၏​လူ​မျိုး​တော်​တို့​ခံ​ရ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က​ထို​သို့​သော​ပ​ရော ဖက်​တို့​အား၊-

6. ``ပ​ရော​ဖက်​တို့၊ သင်​တို့​အ​တွက်​နေ့​အ​ချိန် ကုန်​လု​ပြီ၊ နေ​ဝင်​ချိန်​ရောက်​လာ​ပြီ။ သင်​တို့ သည်​ရူ​ပါ​ရုံ​မြင်​ရ​တော့​မည်​မ​ဟုတ်။ အ​နာ ဂတ်​ကို​ဟော​နိုင်​သော​အ​စွမ်း​ရှိ​လိမ့်​မည်​မ ဟုတ်'' ဟု​မိန့်​တော်​မူ​၏။-

7. အ​နာ​ဂတ်​ကို​ဟော​သူ​တို့​သည်​ဟော​ကိန်း မ​မှန်​သ​ဖြင့် အ​ရှက်​ကွဲ​ရ​လိမ့်​မည်။ သူ​တို့ သည်​ဘု​ရား​သ​ခင်​ထံ​တော်​မှ​ဗျာ​ဒိတ်​မ​ခံ ရ​သ​ဖြင့်​အ​သ​ရေ​ပျက်​ကြ​လိမ့်​မည်။

မိက္ခာ 3