မိက္ခာ 1:7-15 Common Language Bible (BCL)

7. ရုပ်​တု​ရှိ​သ​မျှ​ကို​ကျိုး​ပဲ့​ကြေ​မွ​စေ​မည်။ ရုပ်​တု​တို့​အား​ပူ​ဇော်​သော​လက်​ဆောင်​ပစ္စည်း ရှိ​သ​မျှ​ကို​မီး​ရှို့​ဖျက်​ဆီး​မည်။ ရုပ်​တု​ရှိ သ​မျှ​ကို​အ​မှိုက်​ပုံ​ဖြစ်​စေ​မည်။ ရှ​မာ​ရိ မြို့​သည်​ဤ​အ​ရာ​များ​ကို​ရုပ်​တု​ကိုး​ကွယ် မှု​ဖြင့်​စု​ဆောင်း​ရ​ရှိ​၏။ ဘု​ရား​ကျောင်း ပြည့်​တန်​ဆာ​လုပ်​ငန်း​နှင့် ရန်​သူ​များ​သည် ယင်း​တို့​ကို​ကိုး​ကွယ်​ရန်​သိမ်း​ယူ​သွား ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

8. ထို​အ​ခါ​မိက္ခာ​က``ထို​အ​တွက်​ကြောင့်​ငါ သည်​ငို​ကြွေး​မြည်​တမ်း​မည်။ ငါ​သည်​ဝမ်း နည်း​ကြောင်း​ပြ​ရန်​ဖိ​နပ်​မ​စီး၊ အ​ဝတ် အင်္ကျီ​မ​ဝတ်​ဆင်​ဘဲ​လှည့်​လည်​မည်။ ငါ သည်​ခွေး​အ​ကဲ့​သို့​အူ​၍​ငှက်​ကု​လား အုတ်​ကဲ့​သို့​ညည်း​ညူ​မည်။-

9. ရှ​မာ​ရိ​မြို့​၏​ဒဏ်​ရာ​ဒဏ်​ချက်​တို့​ကို​ကု​သ ၍​မ​ရ​နိုင်။ ယု​ဒ​ပြည်​သည်​လည်း​ထို​ကဲ့​သို့ သော​ကံ​ကြမ္မာ​နှင့်​တွေ့​ကြုံ​ရ​တော့​မည်။ ငါ ၏​အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​ယေ​ရု​ရှ​လင် မြို့​တံ​ခါး​များ​သို့​ဘေး​အန္တ​ရာယ်​ဆိုက် ရောက်​လာ​သည်'' ဟု​ဆို​လေ​၏။

10. ဂါ​သ​မြို့​ရှိ​ရန်​သူ​များ​အား​ငါ​တို့​စစ်​ရေး နိမ့်​သည့်​သ​တင်း​ကို​မ​ကြား​ပြော​နှင့်။ သင် တို့​ငို​ကြွေး​နေ​ခြင်း​ကို​သူ​တို့​မ​မြင်​စေ​နှင့်။ ဗေ​သော​ဖ​ရာ​မြို့​သား​တို့၊ စိတ်​ပျက်​အား လျော့​ကြောင်း​ပြ​ရန်​မြေ​မှုန့်​၌​လူး​လှိမ့်​နေ ကြ​လော့။-

11. ရှ​ဖိ​ရ​မြို့​သား​တို့၊ အ​ဝတ်​အ​ချည်း​စည်း ဖြင့်​အ​ရှက်​ကွဲ​လျက်​သုံ့​ပန်း​အ​ဖြစ်​ရောက် ကြ​လော့။ ဇာ​နန်​မြို့​သား​တို့​သည်​မြို့​ပြင် သို့​မ​ထွက်​ဝံ့​ကြ။ ဗေ​သ​ဇေ​လ​မြို့​သား တို့​ငို​ကြွေး​သံ​ကို​သင်​တို့​ကြား​ရ​သော အ​ခါ ထို​မြို့​တွင်​သင်​တို့​ခို​လှုံ​နိုင်​မည် မ​ဟုတ်​ကြောင်း​သိ​ရ​လိမ့်​မည်။-

12. မာ​ရုတ်​မြို့​သား​တို့​သည်​လူး​လှိမ့်​လျက် ဝေ​ဒ​နာ​ခံ​နေ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​ယေ​ရု​ရှ​လင်​မြို့​အား ဘေး​ဒုက္ခ​ရောက် စေ​တော့​မည်​ဖြစ်​၍ ငါ​တို့​မြို့​သား​တို့​သည် စိတ်​တ​ထင့်​ထင့်​နှင့်​အ​ကူ​အ​ညီ​စောင့် မျှော်​နေ​ကြ​၏။-

13. လာ​ခိ​ရှ​မြို့​တွင်​နေ​ထိုင်​သူ​တို့၊ စစ်​ရ​ထား များ​ကို​မြင်း​က​ကြ​လော့။ သင်​တို့​သည် ဣ​သ​ရေ​လ​ပြည်​သူ​တို့​၏​စံ​န​မူ​နာ​ကို လိုက်​၍ အ​ပြစ်​ကူး​လွန်​ကြ​၏။ သင်​တို့ အ​ပြစ်​ကူး​လွန်​စေ​သ​ကဲ့​သို့ ယေ​ရု​ရှ​လင် မြို့​အား​လည်း​အ​ပြစ်​ကူး​လွန်​စေ​ကြ​၏။-

14. ယု​ဒ​ပြည်​သား​တို့၊ မော​ရ​ရှက်​ဂါ​သ​မြို့​ကို လည်း​လက်​လွှတ်​လိုက်​ကြ​လော့။ ဣ​သ​ရေ​လ ဘု​ရင်​တို့​သည် အာ​ခ​ဇိပ်​မြို့​သား​တို့​ထံ​မှ အ​ကူ​အ​ညီ​ရ​လိမ့်​မည်​မ​ဟုတ်။

15. မ​ရေ​ရှ​မြို့​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​မြို့​ကို​ရန်​သူ့​လက်​သို့​အပ်​တော် မူ​မည်။ ဣ​သ​ရေ​လ​ခေါင်း​ဆောင်​များ​သည် အ​ဒု​လံ​ဥ​မင်​လှိုဏ်​ခေါင်း​သို့​ထွက်​ပြေး ပုန်း​အောင်း​ရ​လိမ့်​မည်။-

မိက္ခာ 1