မာ​လ​ခိ 4:3-6 Common Language Bible (BCL)

3. ငါ​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ ၌ သင်​တို့​သည်​သူ​ယုတ်​မာ​များ​ကို​အ​နိုင် ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​သင်​တို့​ခြေ ဖ​ဝါး​အောက်​မှ​မြေ​မှုန့်​သ​ဖွယ်​ဖြစ်​လိမ့်​မည်။''

4. ``ငါ​၏​အ​စေ​ခံ​မော​ရှေ​၏​ပ​ညတ်​တ​ရား များ​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​လိုက်​နာ​ကြ​ရန်​သိ​နာ​တောင်​ပေါ် တွင်​သူ့​အား​ငါ​ပေး​အပ်​ခဲ့​သည့်​နည်း​ဥ​ပ​ဒေ များ​နှင့်​ကျင့်​ထုံး​ကျင့်​နည်း​များ​ကို​လည်း ကောင်း​အောက်​မေ့​သ​တိ​ရ​ကြ​လော့။

5. ``သို့​ရာ​တွင်​ယင်း​သို့​ကြောက်​မက်​ဖွယ်​ရာ နေ့​ကြီး မ​ကျ​မ​ရောက်​မီ​ငါ​သည်​ပ​ရော ဖက်​ဧ​လိ​ယ​ကို​သင်​တို့​ထံ​သို့​စေ​လွှတ် မည်။-

6. ငါ​လာ​၍​ထို​ဒေ​သ​အား​ကျိန်​စာ​မ​သင့် စေ​ရန် သူ​သည်​အ​ဖ​များ​နှင့်​သား​သ​မီး တို့​ကို​ပြန်​လည်​စည်း​ရုံး​၍​ပေး​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဋ္ဌမ္မ​ဟောင်း​ကျမ်း​တို့​တွင်​နောက်​ဆုံး​ကျမ်း တည်း​ဟူ​သော၊ ပ​ရော​ဖက်​မာ​လ​ခိ​စီ​ရင်​ရေး ထား​သော​အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

မာ​လ​ခိ 4