မာ​လ​ခိ 3:5-12 Common Language Bible (BCL)

5. ကိုယ်​တော်​က``ငါ​သည်​တ​ရား​စီ​ရင်​ရန်​သင် တို့​ထံ​သို့​လာ​၍​မှော်​အ​တတ်​ကို​ကျင့်​သုံး သူ​များ၊ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား သူ​များ၊ မ​မှန်​သော​သက်​သေ​ခံ​သူ​များ၊ မိ​မိ​၏​အ​လုပ်​သ​မား​များ​အ​ပေါ်​အ​ခ ကြေး​ငွေ​ကို​မ​တ​ရား​သ​ဖြင့်​ပြု​သူ​များ၊ မု​ဆိုး​မ၊ မိ​ဖ​မဲ့​သူ​နှင့်​လူ​မျိုး​ခြား​တို့ အား​အ​နိုင်​ကျင့်​သူ​မှ​စ​၍ ငါ့​အား​မ​ရို သေ​မ​လေး​စား​သူ​မှန်​သ​မျှ​တို့​အား​ချက် ချင်း​ထုတ်​ဖော်​ကြေ​ညာ​မည်။

6. ``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၍ ပြောင်း​လဲ​တော်​မ​မူ။ ထို​ကြောင့်​ယာ​ကုပ်​၏ သား​မြေး​ဖြစ်​သူ​သင်​တို့​သည်​လုံး​ဝ ဆုံး​ရှုံး​မှု​မ​ဖြစ်​ကြ​သေး​ပေ။-

7. သင်​တို့​သည်​မိ​မိ​တို့​၏​ဘိုး​ဘေး​များ​နည်း တူ ငါ​၏​ပ​ညတ်​တော်​တို့​ကို​မ​စောင့်​ထိန်း ဘဲ​လွှဲ​ရှောင်​လျက်​နေ​ခဲ့​ကြ​လေ​ပြီ။ သင် တို့​သည်​ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။ ငါ သည်​လည်း​သင်​တို့​ထံ​သို့​ပြန်​လာ​မည်။'' ``သို့ ရာ​တွင်​သင်​တို့​က`အ​ထံ​တော်​သို့​ပြန်​လာ နိုင်​ရန်​ကျွန်​တော်​မျိုး​တို့​အ​ဘယ်​သို့​ပြု​ရ ကြ​ပါ​မည်​နည်း' ဟု​မေး​လျှောက်​ကြ​၏။-

8. လူ​သည်​ဘု​ရား​သ​ခင်​ကို​လိမ်​လည်​လှည့်​စား အပ်​ပါ​သ​လော​ဟု သင်​တို့​အား​ငါ​မေး​ပါ ၏။ ဤ​သို့​မ​ပြု​အပ်​သော်​လည်း​သင်​တို့​သည် ငါ့​အား​လိမ်​လည်​လှည့်​စား​လျက်​နေ​ပေ သည်။ သင်​တို့​က`ကျွန်​တော်​မျိုး​တို့​သည် အ​ဘယ်​သို့​လိမ်​လည်​လှည့်​စား​ကြ​ပါ သ​နည်း' ဟု​ဆို​ပါ​မူ​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ နှင့်​ပူ​ဇော်​သ​ကာ​များ​ဆက်​သ​မျှ​ဟူ​၍ ဖြေ​ရ​ပေ​မည်။-

9. တစ်​နိုင်​ငံ​လုံး​ပင်​ငါ့​အား​လိမ်​လည်​လှည့် စား​လျက်​နေ​သ​ဖြင့် သင်​တို့​အား​လုံး​သည် ကျိန်​စာ​သင့်​လျက်​ရှိ​ကြ​၏။-

10. ဗိ​မာန်​တော်​တွင်​စား​နပ်​ရိက္ခာ​အ​မြောက် အ​မြား​ရှိ​စေ​ရန် သင်​တို့​၏​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ကို​အ​ပြည့်​အ​ဝ​ယူ​ဆောင်​ခဲ့​ကြ လော့။ ငါ​၏​အ​ကဲ​ကို​စမ်း​၍​ကြည့်​ကြ​လော့။ ထို​အ​ခါ​ငါ​သည်​ကောင်း​ကင်​ပြူ​တင်း​ပေါက် များ​ကို​ဖွင့်​၍ သင်​တို့​အ​ပေါ်​သို့​ကောင်း​ချီး မင်္ဂ​လာ​အ​မျိုး​မျိုး​သွန်း​လောင်း​တော်​မူ သည်​ကို​သင်​တို့​တွေ့​မြင်​ကြ​ရ​လိမ့်​မည်။-

11. ငါ​သည်​ပိုး​မွှား​များ​အား​သင်​တို့​အ​သီး အ​နှံ​များ​ကို​ဖျက်​ဆီး​ခွင့်​ပြု​လိမ့်​မည် မ​ဟုတ်။ သင်​တို့​၏​စ​ပျစ်​နွယ်​များ​သည် လည်း​အ​သီး​များ​နှင့်​ပြည့်​လျက်​နေ​လိမ့် မည်။-''

12. ``ထို​အ​ခါ​သင်​တို့​ပြည်​သည်​နေ​ထိုင်​ဖွယ် ကောင်း​သည့်​အ​ရပ်​ဖြစ်​လိမ့်​မည်။ သို့​ဖြစ်​၍ လူ​မျိုး​တ​ကာ​တို့​သည်​သင်​တို့​အား​မင်္ဂ​လာ ရှိ​သူ​များ​ဟု​ခေါ်​ဝေါ်​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

မာ​လ​ခိ 3