မာ​လ​ခိ 3:3-7 Common Language Bible (BCL)

3. ကိုယ်​တော်​သည်​ချေး​ညှော်​ကင်း​စင်​စေ​ရန်​ငွေ ကို​ချွတ်​သော​သူ​ကဲ့​သို့​ကြွ​လာ​၍ တ​ရား စီ​ရင်​တော်​မူ​လိမ့်​မည်။ ရွှေ​ထည်​ငွေ​ထည်​အ​လုပ် သ​မား​သည်​ရွှေ​နှင့်​ငွေ​ကို​ချွတ်​သ​ကဲ့​သို့ ထာ​ဝ​ရ ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည်​လေ​ဝိ​ယဇ် ပု​ရော​ဟိတ်​တို့​အား​သန့်​စင်​အောင်​ပြု​လိမ့်​မည်။ ယင်း​သို့​ပြု​ရ​သည့်​အ​ကြောင်း​မှာ​ယဇ်​ပု​ရော ဟိတ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ လျောက်​ပတ်​သည့်​ပူ​ဇော်​သ​ကာ​များ​ကို ယူ​ဆောင်​လာ​နိုင်​ကြ​စေ​ရန်​ဖြစ်​ပေ​သည်။-

4. ထို​အ​ခါ​၌​ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ လင်​မြို့​သား​တို့​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော် သို့ ယူ​ဆောင်​လာ​သည့်​ပူ​ဇော်​သ​ကာ​များ​သည် ရှေး​ကာ​လ​မှာ​ကဲ့​သို့​ပင်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​ဖွယ်​ရာ​ဖြစ်​လိမ့်​မည်။

5. ကိုယ်​တော်​က``ငါ​သည်​တ​ရား​စီ​ရင်​ရန်​သင် တို့​ထံ​သို့​လာ​၍​မှော်​အ​တတ်​ကို​ကျင့်​သုံး သူ​များ၊ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား သူ​များ၊ မ​မှန်​သော​သက်​သေ​ခံ​သူ​များ၊ မိ​မိ​၏​အ​လုပ်​သ​မား​များ​အ​ပေါ်​အ​ခ ကြေး​ငွေ​ကို​မ​တ​ရား​သ​ဖြင့်​ပြု​သူ​များ၊ မု​ဆိုး​မ၊ မိ​ဖ​မဲ့​သူ​နှင့်​လူ​မျိုး​ခြား​တို့ အား​အ​နိုင်​ကျင့်​သူ​မှ​စ​၍ ငါ့​အား​မ​ရို သေ​မ​လေး​စား​သူ​မှန်​သ​မျှ​တို့​အား​ချက် ချင်း​ထုတ်​ဖော်​ကြေ​ညာ​မည်။

6. ``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၍ ပြောင်း​လဲ​တော်​မ​မူ။ ထို​ကြောင့်​ယာ​ကုပ်​၏ သား​မြေး​ဖြစ်​သူ​သင်​တို့​သည်​လုံး​ဝ ဆုံး​ရှုံး​မှု​မ​ဖြစ်​ကြ​သေး​ပေ။-

7. သင်​တို့​သည်​မိ​မိ​တို့​၏​ဘိုး​ဘေး​များ​နည်း တူ ငါ​၏​ပ​ညတ်​တော်​တို့​ကို​မ​စောင့်​ထိန်း ဘဲ​လွှဲ​ရှောင်​လျက်​နေ​ခဲ့​ကြ​လေ​ပြီ။ သင် တို့​သည်​ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။ ငါ သည်​လည်း​သင်​တို့​ထံ​သို့​ပြန်​လာ​မည်။'' ``သို့ ရာ​တွင်​သင်​တို့​က`အ​ထံ​တော်​သို့​ပြန်​လာ နိုင်​ရန်​ကျွန်​တော်​မျိုး​တို့​အ​ဘယ်​သို့​ပြု​ရ ကြ​ပါ​မည်​နည်း' ဟု​မေး​လျှောက်​ကြ​၏။-

မာ​လ​ခိ 3