1. အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ သည်မိမိ၏တမန်တော်ကိုစေလွှတ်၍ ငါ့ အဖို့လမ်းခရီးကိုပြင်ဆင်စေမည်။ ထို နောက်သင်တို့စောင့်မျှော်နေသောထာဝရ ဘုရားသည် မိမိ၏ဗိမာန်တော်သို့ကြွလာ တော်မူလိမ့်မည်။ သင်တို့စောင့်မျှော်နေသော တမန်တော်သည်လာ၍ ငါ၏ပဋိညာဉ်တော် ကိုဖော်ပြကြေညာလိမ့်မည်'' ဟုမိန့်တော် မူ၏။
2. သို့ရာတွင်အဘယ်သူသည်ကိုယ်တော်ရှင်ကြွ လာတော်မူမည့်နေ့ရက်ကာလကိုတိမ်းရှောင် နိုင်ပါမည်နည်း။ ကိုယ်တော်ရှင်ပေါ်ထွန်းတော် မူရာကာလ၌အဘယ်သူသည်ကျန်ရစ်လိမ့် မည်နည်း။ ကိုယ်တော်သည်အစွမ်းထက်သည့် ဆပ်ပြာနှင့်လည်းကောင်း၊ သတ္တုချွတ်သည့် မီးနှင့်လည်းကောင်းတူလိမ့်မည်။-