3. ဧသောနှင့်သားမြေးတို့ကိုမုန်း၏။ ငါသည် ဧသော၏တောင်ကုန်းနယ်မြေကိုပျက်ပြုန်း စေ၍ တောတိရစ္ဆာန်များအတွက်စွန့်ပစ် လျက်ထားလေပြီ'' ဟုပြန်လည်မိန့်ကြား တော်မူ၏။
4. အကယ်၍ဧသော၏သားမြေးများဖြစ် သောဧဒုံပြည်သားတို့က``ငါတို့မြို့များ သည်ပြိုပျက်၍သွားပြီဖြစ်သော်လည်းယင်း တို့ကိုငါတို့ပြန်လည်တည်ထောင်မည်'' ဟု ဆိုခဲ့သော်အနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် ``သူတို့ပြန်လည်တည်ထောင် ကြပါလေစေ။ ထိုမြို့များကိုငါတစ်ဖန် ပြန်၍ဖြိုချမည်။ လူတို့သည်ထိုသူတို့ အား `ဒုစရိုက်ပြည်သားများ' ဟူ၍လည်း ကောင်း၊ ထာဝရဘုရား၏အမျက်တော် ထာဝစဉ်သင့်သောအမျိုးသားများဟူ ၍လည်းကောင်းခေါ်ဆိုကြလတ္တံ့'' ဟုမိန့် တော်မူလိမ့်မည်။
5. ဣသရေလအမျိုးသားတို့သည်ဤအဖြစ် အပျက်ကို မိမိတို့ကိုယ်တိုင်တွေ့မြင်ရကြ သဖြင့်``ထာဝရဘုရားသည်ဣသရေလ ပြည်အပြင်အပ၌ပင်လျှင် ဘုန်းတန်ခိုး ကြီးတော်မူပါပေသည်'' ဟုဆိုကြလိမ့် မည်။