4. သူတို့သည်မြက်များနှင့်အခြားစိမ်းလန်းသည့် အပင်ကြီးငယ်တို့ကိုဘေးဥပဒ်ပြုပိုင်ခွင့်မရှိ။ နဖူးတွင်ဘုရားသခင်၏တံဆိပ်တော်မပါ သည့်လူတို့ကိုသာလျှင်ဘေးဥပဒ်ပြုပိုင်ခွင့် ရှိကြ၏။-
5. ထိုသူတို့အားအသေသတ်ပိုင်ခွင့်မရှိ။ ငါးလမျှ သာလျှင်ညှဉ်းဆဲပိုင်ခွင့်ရှိ၏။ ကျိုင်းကောင်အကိုက် ခံရသူတို့သည်ကင်းမြီးကောက်အကိုက်ခံရ သကဲ့သို့နာကျင်စွာဝေဒနာခံရကြလိမ့် မည်။-
6. ထိုငါးလအတွင်းလူတို့သည်သေမင်းကိုရှာ ကြလိမ့်မည်။ ရှာသော်လည်းမတွေ့ရကြ။ သေရန် တောင့်တကြသော်လည်းသေမင်းသည်သူတို့ အားတိမ်းရှောင်၍သွားလိမ့်မည်။
7. ထိုကျိုင်းကောင်တို့သည်စစ်ပွဲဝင်ရန် အသင့်ပြင် လျက်နေသောမြင်းများနှင့်တူကြ၏။ သူတို့၏ ဦးခေါင်းပေါ်မှာရွှေသရဖူဆောင်းထားသည် နှင့်တူ၏။ သူတို့၏မျက်နှာသည်လူမျက်နှာ နှင့်တူ၏။-
8. သူတို့သည်အမျိုးသမီးများ၏ဆံပင်နှင့်တူ သောခေါင်းမွေးများရှိ၏။ သူတို့၏သွားသည် ခြင်္သေ့သွားနှင့်တူ၏။-
9. သူတို့၏ရင်အုပ်တွင်သံရင်အုပ်တန်ဆာတပ် ဆင်ထားသည်နှင့်တူ၏။ သူတို့၏အတောင်ခပ် သံသည်စစ်ပွဲဝင်ရန်မောင်းနှင်လာသောမြင်း ရထားများ၏အသံနှင့်တူ၏။-
10. သူတို့၏အမြီးသည်ကင်းမြီးကောက်၏အမြီး နှင့်တူ၍ဆူးရှိ၏။ သူတို့အမြီးတွင်လူတို့အား ငါးလတိုင်တိုင်ဘေးဥပဒ်ရောက်စေနိုင်သော တန်ခိုးရှိ၏။
11. သူတို့၏ဘုရင်ကားတွင်းနက်ကြီး၏ကောင်းကင် တမန်ဖြစ်၏။ သူ၏နာမည်မှာဟေဗြဲဘာသာ စကားအားဖြင့် အဗန္ဒုန်ဟူ၍လည်းကောင်း၊ ဂရိဘာသာအားဖြင့်အပေါလျုန်ဟူ၍လည်း ကောင်းဖြစ်၏။ (အပေါလျုန်၏အနက်မှာ``ဖျက် ဆီးသူ'' ဟူ၍ဖြစ်သတည်း။)
12. အမင်္ဂလာတစ်ပါးကုန်လွန်သွားလေပြီ။ ထိုနောက် မှအမင်္ဂလာနှစ်ပါးလာဦးမည်။
13. ထိုနောက်ဆဋ္ဌမကောင်းကင်တမန်တံပိုးခရာ မှုတ်လိုက်သောအခါ ဘုရားသခင်၏ရှေ့တော်၌ ရှိသောရွှေယဇ်ပလ္လင်၏ထောင့်လေးထောင့်မှထွက် လာသောအသံကိုငါကြားရ၏။-
14. ထိုအသံကဆဋ္ဌမကောင်းကင်တမန်အား``ဥ ဖရတ်မြစ်ကြီးအနီးမှာချည်နှောင်ထားသော ကောင်းကင်တမန်လေးပါးကိုဖြေလွှတ်လော့'' ဟုဆို၏။-