ဗျာ​ဒိတ် 9:18-21 Common Language Bible (BCL)

18. ယင်း​သို့​ခံ​တွင်း​မှ​ထွက်​သည့်​မီး​လျှံ၊ မီး​ခိုး၊ ကန့်​တည်း​ဟူ​သော​ဘေး​သုံး​ပါး​ကြောင့်​ကမ္ဘာ လူ​ဦး​ရေ​သုံး​ပုံ​တစ်​ပုံ​သေ​ကြ​ကုန်​၏။-

19. မြင်း​တို့​၏​တန်​ခိုး​စွမ်း​ရည်​သည်​သူ​တို့​၏​ခံ​တွင်း နှင့်​အ​မြီး​တွင်​ရှိ​၏။ သူ​တို့​၏​အ​မြီး​များ​သည် မြွေ​များ​နှင့်​တူ​၏။ ထို​အ​မြီး​များ​တွင်​ဦး​ခေါင်း များ​ပေါက်​လျက်​ယင်း​အ​မြီး​များ​ဖြင့်​လူ​တို့ အား​အန္တ​ရာယ်​ပြု​ကြ​၏။

20. ဤ​ဘေး​ဒဏ်​ဖြင့်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သော​သူ​တို့ သည်​နောင်​တ​မ​ရ​ကြ။ မိ​မိ​တို့​လက်​ဖြင့်​ပြု​လုပ် သည့်​ဘု​ရား​များ​ကို​မ​စွန့်​လွှတ်​ကြ။ နတ်​မိစ္ဆာ များ​ကို​လည်း​ကောင်း၊ မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ မ​လှုပ်​မ​ရှား​နိုင်​သော​ရွှေ၊ ငွေ၊ ကြေး၊ ကျောက်၊ သစ် သား​စ​သည်​ဖြင့်​ပြီး​သော​ရုပ်​တု​များ​ကို​လည်း ကောင်း​ကိုး​ကွယ်​လျက်​ပင်​ရှိ​နေ​ကြ​သေး​၏။-

21. လူ​အ​သက်​ကို​သတ်​ခြင်း၊ စုန်း​နတ်​ပြု​စား​ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း၊ သူ့​ဥစ္စာ​ခိုး​ခြင်း အ​ပြစ်​များ​အ​တွက်​လည်း​နောင်​တ​မ​ရ​ကြ။

ဗျာ​ဒိတ် 9