12. အမင်္ဂလာတစ်ပါးကုန်လွန်သွားလေပြီ။ ထိုနောက် မှအမင်္ဂလာနှစ်ပါးလာဦးမည်။
13. ထိုနောက်ဆဋ္ဌမကောင်းကင်တမန်တံပိုးခရာ မှုတ်လိုက်သောအခါ ဘုရားသခင်၏ရှေ့တော်၌ ရှိသောရွှေယဇ်ပလ္လင်၏ထောင့်လေးထောင့်မှထွက် လာသောအသံကိုငါကြားရ၏။-
14. ထိုအသံကဆဋ္ဌမကောင်းကင်တမန်အား``ဥ ဖရတ်မြစ်ကြီးအနီးမှာချည်နှောင်ထားသော ကောင်းကင်တမန်လေးပါးကိုဖြေလွှတ်လော့'' ဟုဆို၏။-
15. ထိုကောင်းကင်တမန်လေးပါးတို့သည်အနှောင် အဖွဲ့မှလွတ်မြောက်၍သွားကြ၏။ သူတို့သည် ဤမည်သောနှစ်၊ လ၊ နေ့ရက်၊ အချိန်နာရီ၌ကမ္ဘာ ၏လူဦးရေသုံးပုံတစ်ပုံကိုသုတ်သင်ပစ်ရန် အတွက်အသင့်ရှိနေသူများဖြစ်ကြ၏။-
16. မြင်းစီးသူရဲများ၏အရေအတွက်မှာကုဋေ နှစ်ဆယ်ရှိကြောင်းကိုငါကြားသိရ၏။-
17. ဗျာဒိတ်ရူပါရုံ၌မြင်းစီးသူရဲများသည်ကန့် ရောင်၊ အပြာရောင်၊ မီးလျှံရောင်ရှိသောရင်အုပ် တန်ဆာများကိုဝတ်ဆင်ထားကြသည်ကိုငါ မြင်ရ၏။ မြင်းတို့၏ဦးခေါင်းများသည်ခြင်္သေ့ ဦးခေါင်းများနှင့်တူ၏။ သူတို့၏ခံတွင်းမှမီး လျှံ၊ မီးခိုး၊ ကန့်များထွက်လာ၏။-
18. ယင်းသို့ခံတွင်းမှထွက်သည့်မီးလျှံ၊ မီးခိုး၊ ကန့်တည်းဟူသောဘေးသုံးပါးကြောင့်ကမ္ဘာ လူဦးရေသုံးပုံတစ်ပုံသေကြကုန်၏။-
19. မြင်းတို့၏တန်ခိုးစွမ်းရည်သည်သူတို့၏ခံတွင်း နှင့်အမြီးတွင်ရှိ၏။ သူတို့၏အမြီးများသည် မြွေများနှင့်တူ၏။ ထိုအမြီးများတွင်ဦးခေါင်း များပေါက်လျက်ယင်းအမြီးများဖြင့်လူတို့ အားအန္တရာယ်ပြုကြ၏။
20. ဤဘေးဒဏ်ဖြင့်မသေဘဲကျန်ရှိနေသောသူတို့ သည်နောင်တမရကြ။ မိမိတို့လက်ဖြင့်ပြုလုပ် သည့်ဘုရားများကိုမစွန့်လွှတ်ကြ။ နတ်မိစ္ဆာ များကိုလည်းကောင်း၊ မျက်စိမမြင်၊ နားမကြား၊ မလှုပ်မရှားနိုင်သောရွှေ၊ ငွေ၊ ကြေး၊ ကျောက်၊ သစ် သားစသည်ဖြင့်ပြီးသောရုပ်တုများကိုလည်း ကောင်းကိုးကွယ်လျက်ပင်ရှိနေကြသေး၏။-
21. လူအသက်ကိုသတ်ခြင်း၊ စုန်းနတ်ပြုစားခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ဥစ္စာခိုးခြင်း အပြစ်များအတွက်လည်းနောင်တမရကြ။