10. သူတို့၏အမြီးသည်ကင်းမြီးကောက်၏အမြီး နှင့်တူ၍ဆူးရှိ၏။ သူတို့အမြီးတွင်လူတို့အား ငါးလတိုင်တိုင်ဘေးဥပဒ်ရောက်စေနိုင်သော တန်ခိုးရှိ၏။
11. သူတို့၏ဘုရင်ကားတွင်းနက်ကြီး၏ကောင်းကင် တမန်ဖြစ်၏။ သူ၏နာမည်မှာဟေဗြဲဘာသာ စကားအားဖြင့် အဗန္ဒုန်ဟူ၍လည်းကောင်း၊ ဂရိဘာသာအားဖြင့်အပေါလျုန်ဟူ၍လည်း ကောင်းဖြစ်၏။ (အပေါလျုန်၏အနက်မှာ``ဖျက် ဆီးသူ'' ဟူ၍ဖြစ်သတည်း။)
12. အမင်္ဂလာတစ်ပါးကုန်လွန်သွားလေပြီ။ ထိုနောက် မှအမင်္ဂလာနှစ်ပါးလာဦးမည်။
13. ထိုနောက်ဆဋ္ဌမကောင်းကင်တမန်တံပိုးခရာ မှုတ်လိုက်သောအခါ ဘုရားသခင်၏ရှေ့တော်၌ ရှိသောရွှေယဇ်ပလ္လင်၏ထောင့်လေးထောင့်မှထွက် လာသောအသံကိုငါကြားရ၏။-
14. ထိုအသံကဆဋ္ဌမကောင်းကင်တမန်အား``ဥ ဖရတ်မြစ်ကြီးအနီးမှာချည်နှောင်ထားသော ကောင်းကင်တမန်လေးပါးကိုဖြေလွှတ်လော့'' ဟုဆို၏။-
15. ထိုကောင်းကင်တမန်လေးပါးတို့သည်အနှောင် အဖွဲ့မှလွတ်မြောက်၍သွားကြ၏။ သူတို့သည် ဤမည်သောနှစ်၊ လ၊ နေ့ရက်၊ အချိန်နာရီ၌ကမ္ဘာ ၏လူဦးရေသုံးပုံတစ်ပုံကိုသုတ်သင်ပစ်ရန် အတွက်အသင့်ရှိနေသူများဖြစ်ကြ၏။-
16. မြင်းစီးသူရဲများ၏အရေအတွက်မှာကုဋေ နှစ်ဆယ်ရှိကြောင်းကိုငါကြားသိရ၏။-
17. ဗျာဒိတ်ရူပါရုံ၌မြင်းစီးသူရဲများသည်ကန့် ရောင်၊ အပြာရောင်၊ မီးလျှံရောင်ရှိသောရင်အုပ် တန်ဆာများကိုဝတ်ဆင်ထားကြသည်ကိုငါ မြင်ရ၏။ မြင်းတို့၏ဦးခေါင်းများသည်ခြင်္သေ့ ဦးခေါင်းများနှင့်တူ၏။ သူတို့၏ခံတွင်းမှမီး လျှံ၊ မီးခိုး၊ ကန့်များထွက်လာ၏။-
18. ယင်းသို့ခံတွင်းမှထွက်သည့်မီးလျှံ၊ မီးခိုး၊ ကန့်တည်းဟူသောဘေးသုံးပါးကြောင့်ကမ္ဘာ လူဦးရေသုံးပုံတစ်ပုံသေကြကုန်၏။-