10. သူတို့က``ကယ်တင်ခြင်းကျေးဇူးသည်ပလ္လင် တော်ပေါ်မှာစံတော်မူသော ငါတို့ဘုရား သခင်နှင့်သိုးသူငယ်တော်ထံမှသက်ရောက် လာ၏'' ဟုကြီးသောအသံနှင့်ကြွေးကြော် ကြ၏။-
11. ကောင်းကင်တမန်အပေါင်းတို့သည်ပလ္လင် တော်ကိုလည်းကောင်း၊ အကြီးအကဲများ နှင့်သက်ရှိသတ္တဝါလေးပါးတို့ကိုလည်း ကောင်းဝိုင်းရံလျက်ရပ်ကြ၏။ ထိုနောက်သူ တို့သည်ပလ္လင်တော်ရှေ့၌ပျပ်ဝပ်ကာဘုရား သခင်အားရှိခိုးကြ၏။-
12. သူတို့က``အာမင်။ ငါတို့ဘုရားသခင်ကို ကမ္ဘာအဆက်ဆက်ချီးမွမ်းထောမနာပြု ကြစေသတည်း။ ကိုယ်တော်သည်ဘုန်းတန်ခိုး၊ ဉာဏ်ပညာ၊ ဂုဏ်အသရေတို့နှင့်ပြည့်စုံ တော်မူပါစေသတည်း။ ကိုယ်တော်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါစေ သတည်း။ ``အာမင်'' ဟုမြွက်ဆိုကြ၏။
13. အကြီးအကဲတစ်ပါးကငါ့အား``ဝတ်ဖြူစင် ကြယ်ဝတ်ဆင်ထားသူတို့သည်မည်သူတို့နည်း။ အဘယ်အရပ်ကလာကြသနည်း'' ဟုမေး၏။
14. ငါက``အရှင်၊ အရှင်သိပါ၏'' ဟုပြန်၍ဖြေ၏။ထိုသူက``သူတို့သည်ဆင်းရဲဒုက္ခကြီးထဲမှ လွတ်မြောက်လာသူများဖြစ်၏။ သူတို့သည် မိမိတို့ဝတ်လုံများကိုသိုးသူငယ်တော် ၏သွေးဖြင့်ဖြူစင်အောင်ဖွပ်လျှော်ခဲ့ကြ လေပြီ။-
15. ထိုကြောင့်သူတို့သည်ဘုရားသခင်၏ပလ္လင် တော်ရှေ့သို့ရောက်ရှိ၍ ကိုယ်တော်၏ဗိမာန် တော်တွင်နေ့ညဥ့်မပြတ်ဝတ်ပြုနေခြင်း ဖြစ်၏။ ပလ္လင်တော်ပေါ်စံနေတော်မူသော အရှင်သည်လည်းသူတို့နှင့်အတူရှိ၍ ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။-
16. သူတို့သည်နောက်တစ်ဖန်အစာရေစာ မငတ်မွတ်ရကြ။ နေရောင်ခြည်သည်လည်း ကောင်း၊ ပြင်းထန်သောအပူရှိန်သည်လည်း ကောင်းသူတို့အပေါ်သို့မကျရောက်ရ။-