6. ပလ္လင်တော်၏ရှေ့တွင်ကျောက်သလင်းနှင့်တူ၍ ဖန်ရေကန်ဟုထင်ရသောရေကန်ရှိ၏။ထို့ပြင်ပလ္လင်တော်၏ပတ်လည်တစ်ဖက်တစ်ချက် တွင် သက်ရှိသတ္တဝါလေးပါးရှိ၏။ သူတို့ကိုယ် ခန္ဓာရှေ့ပိုင်းနှင့်နောက်ပိုင်းတို့တွင်မျက်စိများ ဖြင့်ပြည့်နှက်လျက်ရှိ၏။-
7. ပထမသတ္တဝါသည်ခြင်္သေ့နှင့်တူ၏။ ဒုတိယ သတ္တဝါသည်နွားနှင့်တူ၏။ တတိယသတ္တဝါ၏ မျက်နှာသည်လူ့မျက်နှာနှင့်တူ၏။ စတုတ္ထသတ္တ ဝါသည်ပျံလျက်နေသည့်လင်းယုန်နှင့်တူ၏။-
8. ထိုသတ္တဝါလေးပါးစလုံးတွင်အတောင်ခြောက်ခု စီရှိ၏။ သူတို့၏ကိုယ်အတွင်းအပြင်၌မျက်စိ များဖြင့်ပြည့်နှက်လျက်နေ၏။ သူတို့သည်နေ့ ရောညဥ့်ပါမနားဘဲ၊``ထာဝရအရှင်ဘုရားသခင်သည် မြင့်မြတ်သန့်ရှင်းတော်မူ၏။မြင့်မြတ်သန့်ရှင်းတော်မူ၏။ မြင့်မြတ် သန့်ရှင်းတော်မူ၏။ကိုယ်တော်သည်အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်ကာလ အစဉ်ရှိနေတော်မူ၏။ဟုမြွက်ဆိုကြ၏။-
9. ပလ္လင်ပေါ်တွင်စံတော်မူ၍ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသောအရှင်၏ကျေးဇူးတော်၊ ဂုဏ်တော်၊ ဘုန်းအသရေတော်တို့ကိုထိုသတ္တဝါ တို့ချီးကူးကြသည့်အခါတိုင်း၊-
10. အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည်ပလ္လင် ပေါ်တွင်စံတော်မူ၍ ကမ္ဘာအဆက်ဆက်အသက် ရှင်တော်မူသောအရှင်၏ရှေ့တော်၌ပျပ်ဝပ်လျက် ရှိခိုးကြကုန်၏။ သူတို့သည်ပလ္လင်တော်ရှေ့တွင် မိမိတို့၏သရဖူများကိုချလျက်
11. ``အကျွန်ုပ်တို့၏အရှင်သခင်ထာဝရဘုရား၊ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၍ကိုယ်တော်၏အလိုတော်အရသာလျှင် ထိုအရာခပ်သိမ်းတို့သည်အသက်ရှင်ကြရပါ၏။ထို့ကြောင့်ကိုယ်တော်သည်ဘုန်းအသရေတော်၊ဂုဏ်တော်၊တန်ခိုးတော်တို့ကိုခံယူထိုက် တော်မူပါသည်''ဟုမြွက်ဆိုကြ၏။